(၆-၅-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော လေဘေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကနီမြို့နယ်အတွင်း ကနဦးထောက်ပံ့နိုင်ရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သော အိမ်ထောင်စု (၂၆၃)စုစာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးကြိုတင်ငွေ သိန်း(၁၀၀) နှင့်သေဆုံးသူ(၁) ဦးအတွက် ထောက်ပံ့ငွေ( ၃၀၀,၀၀၀) ၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀,၃၀၀,၀၀၀) အား လွှတ်တော်ကိုယ်စားလှယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဌာနဆိုင်ရာများ မြို့မိ မြို့ဖများနှင့် အတူ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၇-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)