လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

 

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ကျောက်မီးကျောင်းကျေးရွာတွင် ( ၄ – ၅ – ၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလစ်စတစ်ပုံး (၆) ပုံး၊ လူဦးရေ (၂၈) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး (၅၈,၈၀၀) ကျပ်နှင့်  အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပ့ံငွေ (၃၅၈,၈၀၀) ကျပ်ကို မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည်  (၅-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events