Author Archives: Department of Disaster Management

  • မြောက်ဦးမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    (၃၀-၅-၂၀၁၇)ရက်နေ့က တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ခု၊ ကျေးရွာ(၂)ရွာမှ လုံးဝပျက်စီးသွားသော အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စုအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၀)မျိုးကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ(၁-၆-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် မိုးသက်လေပြင်းနှင့်ထူးကဲဒီရေမြင့်တက်တိုက်စားမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်မှုခံစားခဲ့ရသော အိမ်ထောင်စု(၁၆)စုမှ ပြိုကျပျက်စီးအိမ်ခြေ (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးကိုလည်းကောင်း၊ အမိုးလန်ပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိ်မ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ ဘေးသင့်ပြည်သူ (၆၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၃၆၅၀၀)ကျပ်ကိုလည်းကောင်း၊ (၃၁-၅-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပင်လယ်လှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု ကမ်းနားပိုင်း၌ (၂၉-၅-၂၀၁၇) ရက်နေ့တွင် ပင်လယ်လှိုင်းရိုက်ခတ်၍ နေအိမ်များထပ်မံပြိုကျမှုကြောင့် အိမ်ခြေ (၃) လုံး ပြိုကျပျက်စီးခြင်းနှင့် အိမ်ခြေ (၄) လုံးယိုင်နဲ့ ခြင်းတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့်ဆန်ဘိုးငွေ (၅၈၉၃၀၀) ကျပ်  ၊ ပြိုကျအိမ်အတွက် (၁၅) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၃) ပုံး၊ ယိုင်နဲ့အိမ်အတွက် (၇) မျိုးပါကယ်ဆယ်ရေးပစ္စည်း (၄) ပုံးတို့အား (၂၉-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more

  • အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် (၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၀၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၉)၊၂၀၁၇ —————————————————————————————— အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၆၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် မြောက်ဘက် မိုင်(၁၁၀)ခန့်နှင့် မောင်တောမြို့၏ အနောက်တောင်ဘက် (၄၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်ဘက် (၁၂၅)မိုင်ခန့်အကွာ … Read more

  • အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် (၂၀၁၇ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၂၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၇ —————————————————————————————————— အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင်(၉၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် (၁၀၅)မိုင်ခန့်နှင့် မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၁၁၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ … Read more

  • အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်

    (၂၀၁၇ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၇)၊၂၀၁၇ ————————– အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“မိုရာ”( Cyclonic Storm “Mora”) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၁၂၀)ခန့်နှင့် ကျောက်ဖြူမြို့၏ … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာအုပ်စုနှင့် မြနန္ဒာရပ်ကွက်တွင် (၂၅ – ၅ -၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလံအိမ်ထောင်စု (၁၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးပါ စက္ကူပုံး (၁၈) ပုံးတို့အား (၂၇ – ၅ – ၂၀၁၇) ရက်နေ့တွင် လေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂)၊၂၀၁၇

    မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက်မိုင်(၂၃၀)ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၃၃၀)ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင်(၄၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်- အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် နောက် (၂၄) နာရီအတွင်း … Read more

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ မြောက်စည်းရွာမ ကျေးရွာတွင် (၂၅-၅-၂၀၁၇) နေ့ ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ ၄င်းအပြင် ကျော် ကျေးရွာ၌လည်း လူတစ်ဦးသရက်ပင် သစ်ကိုင်းကျိုးကျမှုကြောင့် ထိခိုက်ဒဏ်ရာရကာ နတ်ချောင်းတိုက်နယ်ဆေးရုံးသို့ (မစိုးရိမ်ရ) တက်ရောက်ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်အတွင်း အမိုးလန်နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ (၁၃၀၀၀၀ိ/-) ကျပ်၊ ထိခိုက်ဒဏ်ရာရသူအား ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်တို့အား ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၇) နေ့ နံနက်ပိုင်းတွင် … Read more

Sign Up

Upcoming Events