ပင်လယ်လှိုင်းရိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု ကမ်းနားပိုင်း၌ (၂၉-၅-၂၀၁၇) ရက်နေ့တွင် ပင်လယ်လှိုင်းရိုက်ခတ်၍ နေအိမ်များထပ်မံပြိုကျမှုကြောင့် အိမ်ခြေ (၃) လုံး ပြိုကျပျက်စီးခြင်းနှင့် အိမ်ခြေ (၄) လုံးယိုင်နဲ့ ခြင်းတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့်ဆန်ဘိုးငွေ (၅၈၉၃၀၀) ကျပ်  ၊ ပြိုကျအိမ်အတွက် (၁၅) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၃) ပုံး၊ ယိုင်နဲ့အိမ်အတွက် (၇) မျိုးပါကယ်ဆယ်ရေးပစ္စည်း (၄) ပုံးတို့အား (၂၉-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events