Author Archives: Department of Disaster Management
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
(၁၇.၆.၂၀၁၇) ရက်နေ့၊ နေ့လည် (၁၄းဝဝ) နာရီမှ (၁၅းဝ၀) နာရီအထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်တွင် ကျိုင်းတုံခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း (၁ဝဝ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၆-၆-၂၀၁၇) ရက်နေ့ ၌ မွန်ပြည်နယ် သထုံမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/သူဦးရေ (၁၅၁) ဦးအား လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူများအား အကူအညီပေးနေမှုသတင်း
တနိုင်းဒေသမှ ဒေသအတွင်းမတည်ငြိမ်မှုကြောင့် ခန္တီးမြို့သို့ရောက်ရှိလာသော နေရပ်ပြန် ပြည်သူလူထု (၇၇) ဦးအား (၁၆.၆.၂၀၁၇) ရက်နေ့ (၁၈းဝ၀) နာရီခန့်တွင် ဒေသခံစေတနာရှင်များမှ ထမင်းထုပ်ဝေခြင်း၊ ခန္တီးခရိုင်ကယ်ဆယ်ရေးဦးစီးဌာနမှ ရေသန့်နှင့် အချိုရည်များဝေငှခြင်းနှင့် ခန္တီးမြို့မှ မော်လိုက်မြို့သို့ ပြန်ရန်အခက်အခဲရှိသူ နှစ်ဦးအတွက် အပြန်ရေယာဉ်လက်မှတ်ဖြတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် (၁၀.၆.၂၀၁၇) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၃) စု လူဦးရေ (၁၀) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တို့ကို (၁၆.၆.၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ကွင်းဆင်းထောက်ပ့ံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့နေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုရာမုန်တိုင်းဘေးအတွက် သံတွဲမြို့ နယ်၊ မောရုံကျေးရွာ တစ်စိတ်တပိုင်းပျက်စီး အိမ် (၂၃) လုံး နှင့် ဘုန်းတော်ကြီးကျောင်း( ၁ ) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ( ၅၆၀၀၀၀)နှင့် ဂွမြို့နယ်၊ ဂျိုင်ကြီးကျေးရွာ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၄ ) လုံးအတွက်( ၂၄၀၀၀၀ ) နှင့် ဘုန်းတော်ကြီးကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီး (၁) ကျောင်း အတွက် (၁၀၀၀၀၀) စုစုပေါင်း ( ၁၀၀၀၀၀၀ ) … Read more
-
သဘာဝဘေးအန္တရာယ်အမျို းမျိုးနှင့် ကြိုတင်ကာကွယ်ရေးဆင့်ပွားမွမ်းမံသင်တန်း ကျင်းပပြုလုပ်မှုသတင်း
ဒိုးနွယ်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသုနန္ဒ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေးဆင့်ပွားမွမ်းမံသင်တန်းကို ကလေးမြို့နယ်၊ အရှေ့စည်းအုပ်စု၊ ဒိုးနွယ်ကျေးရွာတွင ်ဒုတိယအကြိမ်အဖြစ် ဇွန် (၁၄) ရက်မှ (၁၇) ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မင်းလှ၊ ဒိုးနွယ်၊ တင်သား၊ကြံသာ၊ ကျောက်ဖူး၊ အရှေ့စည်း၊ ရှားဖိုကျေးရွာများမှ သင်တန်းသား (၃၅) ဦး၊ သင်တန်းသူ (၃၀) ဦး စုစုပေါင်းသင်တန်းသား (၆၅) ဦး တို့က စိတ်အားထက်သန်စွာတက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးပို့ချခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသတင်း
(၁၆-၆-၂၀၁၇)ရက်နေ့၊ (၁၃းဝ၀) နာရီမှ (၁၄း၃၀) နာရီထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နားမခေါ်ကျေးရွာအုပ်စ၊ု နားမခေါ်ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၃၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်နှင့် ရေပြာကျေးရွာတို့တွင် (၃၀.၅.၂၀၁၇) နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး၊ လူ (၇) ဦးအတွက် (၇) ရက်စာဆန်ဖိုး၊ အမိုးလန်ပျက်စီး အိမ်် (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ထိခိုက်ဒဏ်ရာရဆေးရုံတက်ရသူ (၃) ဦးအတွက် ထောက်ပ့ံကြေး၊ ရင်းတိုက်မှော်ကျေးရွာ၌ အမိုးလန်ပျက်စီးအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ စုစုပေါင်း(၁၁၂၄၇၀၀ိ/) … Read more
-
လေဆင်နှာမောင်းဘေးအတွက်ထောက်ပံမှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်တွင် (၁၁-၆-၂၀၁၇) ရက်နေ့က ဖြစ်ပွားခဲ့ သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၂) စုစာ အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးစီနှင့် နေအိမ်အမိုးလန်အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တို့ကို ကော့သောင်းခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် (၁၃- ၆- ၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
