ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်နှင့် ရေပြာကျေးရွာတို့တွင် (၃၀.၅.၂၀၁၇) နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး၊ လူ (၇) ဦးအတွက် (၇) ရက်စာဆန်ဖိုး၊ အမိုးလန်ပျက်စီး အိမ်် (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ထိခိုက်ဒဏ်ရာရဆေးရုံတက်ရသူ (၃) ဦးအတွက် ထောက်ပ့ံကြေး၊ ရင်းတိုက်မှော်ကျေးရွာ၌ အမိုးလန်ပျက်စီးအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ စုစုပေါင်း(၁၁၂၄၇၀၀ိ/) ကို ပြည်ခရိုင်(ကယ်ဆယ်ရေး)ရုံးမှ တာဝန်ရှိသူများက (၁၆.၆.၂၀၁၇)နေ့တွင် သွားရောက်ထောက်ပ့ံပေးခဲ့ ကြောင်း သတင်းရရှိပါသည်။