Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၃၀-၆-၁၇) တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ပန်းဖူးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပြောပွဲ ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက်ရောက်ခဲ့ပြီး ရာသီအလိုက်ဖြစ်ပေါ်နိုင် သော ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကိစ္စများ ၊ မိုးလေဝသသတိပေးချက် များအား အလေးထားလိုက်နာဆောင်ရွက်တတ်စေရန် သဘာဝဘေးဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်ဆာင်ရွက်တတ်စေရန် ဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများလည်းဝေငှပေးခဲ့ကာ DAN and Kobo App များအကြောင်းလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်  (၂၇-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့ အ. ထ. က (တောင်ကလေး) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူစုစုပေါင်း (၃၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာ ပေးဗီနိုင်းများ၊ လက်ကမ်းစာစောင်များနှင့် ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ  သည် (၂၇.၆. ၂၀၁၇) ရက်နေ့၌ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြော ပွဲတွင်  သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် / ရှောင်ရန် အချက်အလက်များ အားအသိပညာပေး ဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေးနံရံကပ်ပိုစတာများနှင့် လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ မန်မိုင် ကျေးရွာ ကချင်နစ်ခြင်းခရစ်ယာန်ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား ၁/၂၀၁၇ ဖွင့်ပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာ ဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား ၁/၂၀၁၇ ဖွင့်ပွဲကျင်းပရာ သင်တန်းသား (၃၀) ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချခြင်းနှင့် မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသတင်း

      သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်သင်တန်းဖွင့်လှစ်ခြင်းနှင့် မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း ================================================= Source:ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၇) ရက် နေ့နှင့် (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ ကြိမ်ချောင်း ကျေးရွာတိုက်နယ်ဆေးရုံ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်သင်တန်းအား ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာသင်တန်းသား (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါသင်တန်း၌ ဘိုကလေးမြို့နယ်အတွင်း ဘေးဖြစ်နိုင်သည့်ကမ်းရိုးတန်း ဒေသများမှ ဒေသခံလူငယ်များအားရွေးချယ်၍ ရာသီအလိုက်ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များ၊ မိုးဇလသတိပေးချက်များအပေါ် အလေးထားလိုက်နာပြီး ကြိုတင်စီစဉ်ဆောင်ရွက်ရန်များ၊ ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းမှရရှိလာ … Read more

Sign Up

Upcoming Events