သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချခြင်းနှင့် မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသတင်း

 

27pic 03

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်သင်တန်းဖွင့်လှစ်ခြင်းနှင့် မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
=================================================
Source:ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၇) ရက် နေ့နှင့် (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ ကြိမ်ချောင်း ကျေးရွာတိုက်နယ်ဆေးရုံ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်သင်တန်းအား ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာသင်တန်းသား (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါသင်တန်း၌ ဘိုကလေးမြို့နယ်အတွင်း ဘေးဖြစ်နိုင်သည့်ကမ်းရိုးတန်း ဒေသများမှ ဒေသခံလူငယ်များအားရွေးချယ်၍ ရာသီအလိုက်ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များ၊ မိုးဇလသတိပေးချက်များအပေါ် အလေးထားလိုက်နာပြီး ကြိုတင်စီစဉ်ဆောင်ရွက်ရန်များ၊ ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းမှရရှိလာ သော အတွေ့အကြုံဗဟုသုတများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန်၊ သင်တန်းသူ/သင်တန်း သားများနှင့် ကျေးရွာပြည်သူစုစုပေါင်း (၁၀၀) ဦးတို့ပေါင်းစပ်၍ မုန်တိုင်း သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအား ယင်းကျေးရွာရှိ School Shelter တွင်ပြုလုပ်ကျင်းပ ခဲ့ပြီးအခြားလေ့လာသူများလဲ ပါဝင်တက်ရောက်ခဲ့ရာ တက်ရောက် ပါဝင်သူများအား သဘာဝ ဘေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများအားဝေငှ ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

 

Sign Up

Upcoming Events