မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေး “ 4th Meeting of the Task Force on Myanmar Action Plan on Disaster Risk Reduction 2017” ကျင်းပပြုလုပ်မှုသတင်း

Capture67 Capture69

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပ သည့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) အထောက်အကူ ပြုလုပ်ငန်း အဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေး “ 4th Meeting of the Task Force on Myanmar Action Plan on Disaster Risk Reduction 2017” ကိုနေပြည်တော်ရှိ Grand Amara Hotel တွင် (၂၈-၆-၂၀၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်နှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ UMFCCI နှင့် UNDP မှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀)ဦးခန့်တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ဌာနအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် MAPDRR 2017 သည် ရုပ်လုံးပေါ်သည့် အဆင့်သို့ရောက်ရှိနေပြီ ဖြစ်ပါ ကြောင်း၊ MAPDRR မူကြမ်းပါစီမံကိန်း (၃၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ကုန်ကျစရိတ်ခန့်မှန်း တွက်ချက်မှုနှင့် M&E အပိုင်းများကို အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးပေးကြရန်လိုအပ်ကြောင်းနှင့် MAPDRR ကို ပြည့်စုံကောင်းမွန်ပြီး ကဏ္ဍပေါင်းစုံပါဝင်သည့်စီမံချက်တစ်ခုအဖြစ် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာမူဘောင်များ၊ ရည်မှန်းချက်များ၊ ကတိကဝတ်များကိုပါ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ MAPDRRလုပ်ငန်းစီမံချက်သည် နိုင်ငံတော်၏ သဘာဝဘေး ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းကို တည်ဆောက်ပေးရာတွင် မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံချက် ဖြစ်သည့် အတွက် ယခုလုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခွင့်ရသူအားလုံးအား မှတ်ကျောက်တင်ဂုဏ်ယူပါကြောင်း”စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

 

Sign Up

Upcoming Events