Author Archives: Department of Disaster Management

  • မသန်စွမ််းသူများရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက််မှုသတင်း

    (၅-၈-၂၀၁၇)၊ မကွေးတိုင်းဒေသကြီး မသန်စွမ်းအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊စလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လွွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ၊ မသန်း စွမ်းသူများတက်ရောက်ကြပါသည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူ အားတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများကို အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်စေရေး၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄- ၈ -၂၀၁၇) ရက် နေ့တွင် မူဆယ်မြို့၊ တောင်ရပ်ရပ်ကွက်ခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး  ထိုတက်ရောက်လာသူများအား နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကွတ်ခိုင်မြို့ အထက်ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီမှ (၁၂:၃၀) နာရီအထိ ကွတ်ခို်င်မြို့ အထက်ကျောင်းခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကာ တက်ရောက်လာသူ များကို လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မူဆယ်မြို့တွင် အထက(၂) ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၅) နာရီအထိ မူဆယ်မြို့ အထက (၂)ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ ကျောင်းသား/သူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၂၇/၂၈/၃၁-၇-၂ဝ၁၇)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၂၉)လုံး၊ အိမ်ထောင်စု (၂၉)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုးအား (၂-၈-၂ဝ၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events