Author Archives: Department of Disaster Management
-
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နှင့် တောပုန်းကျေးရွာအုပ်စုတွင် (၃၁-၈-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပါးပြိုမှုကြောင့် ပြောင်းရွေ့အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၈,၃၀၀)ကျပ်တိတိနှင့် ကဆရပစ္စည်း (၄) မျိုးတို့ကို (၉-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်ခေါင်ကျေးရွာရှိ မိုင်းထိဒဏ်ရာရသူအား ထောက်ပံ့ပေးမှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ (၉-၉-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်ခေါင်ကျေးရွာရှိ (၂၅-၈-၂၀၁၇)ရက်နေ့၌ မိုင်းထိဒဏ်ရာရသူတစ်ဦးအား ထောက်ပံ့ကြေးငွေ (၅၀,၀၀၀) ကို သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရှိရပါသည်။ Source : ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်စု၊ ကျွန်းခယ်မကျေးရွာ၌ (၁-၉-၂၀၁၇)ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး(၃၀၀,၀၀၀)၊ ဆန်ရိက္ခာဘိုး(၂၅,၂၀၀)၊ စုစုပေါင်း(၃၂၅,၂၀၀)တို့အား(၄-၉-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၉-၂၀၁၇) ရက်နေ့ (၁၃၀၀)အချိန်ခန့်၌ တောက်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နှင်းဆီလမ်း၊ အိမ်အမှတ် (၁၂၈)တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ်(၂)သိန်းကျပ်၊ ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့် (၁၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၃) စုစာအား (၄-၉-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနည်းပြသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြား
၁-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနကတာဝန်ယူဖွဲ့စည်းဆောင်ရွက်နေသောမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအနေဖြင့်အမျိုးသမီးအရေးကိစ္စများနှင့်သက်ဆိုင်သောအမျိုးသမီးအဖွဲ့အစည်းအသီးသီးပါဝင်မှု၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သောပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင်အခြားဆက်စပ်ဝန်ကြီးဌာနများ၊ပညာရှင်အမျိုးသမီးကြီးများပါဝင်ဆောင်ရွက်သည့် “မွေးကင်းစကလေးစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးနည်းပြသင်တန်း”ကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၈)ရက်မှ (၃၁)ရက်နေ့အထိနေပြည်တော်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဆောက်အဦခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ကကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားခဲ့ရာပြည်ထောင်စုဝန်ကြီးက “မွေးကင်းစကလေးငယ်များစွန့်ပစ်မှုများကိုပိုမိုမြင်တွေ့ကြားသိလာရပါကြောင်း၊မွေးကင်းစကလေးစွန့်ပစ်ရခြင်း၏ အကြောင်းရင်းများကိုလေ့လာကြည့်ပါကဆင်းရဲမွဲတေမှုကြောင့် ကလေးများကို ပြုစုပျိုးထောင်ရန် မတတ်နိုင်ခြင်း၊ ဆယ်ကျော်သက်အရွယ် မလိုလားသောအချိန်တွင် ကိုယ်ဝန်ဆောင်မွေးဖွားရခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် ရင်ဆိုင်ရမည့် အခက်အခဲများ၊ စိတ်ဖိစီးမှုများ ကြုံတွေ့ရခြင်း၊ မည်သည့်အရွယ်တွင်မဆို ကြိုတင်ပြင်ဆင်မှုမရှိဘဲကိုယ်ဝန်ရခြင်းကြောင့် ဆက်လက်ပြုစုမွေးမြူရန်အခက်အခဲရှိခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် မွေးရခြင်းနှင့် ကလေးငယ်စဉ်မွေးရာပါ ချို့ယွင်းချက်ရှိခြင်းစသည်တို့သည် မွေးကင်းစကလေးစွန့်ပစ်ခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊ … Read more
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၇) ရက်နေ့၌ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ဦးစီးဌာန၏လုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို (၁၀း၀၀)နာရီမှ (၁၁း၃၀) နာရီအထိ ဆွေးနွေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၆၇) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိ ပါသည်။
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာ၊ ထောပတ်ကုန်းရပ်နေ အိမ်ရှင်ဦးမဲကြီးနေအိမ်၌ ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)တို့အတွက် မိုးညှင်းသိုလှောင်ရုံတွင် ထားရှိသော ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၄,၇၀၀)အား (၃၁-၈-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
