Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း

    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရေလယ်ရွာမကျေးရွာ၊ အချင်းပြစ်(နောက်)၊ အချင်းပြစ်(မြောက်)၊ ဥယျာဉ်စုကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် (၇.၉.၂၀၁၇)ရက်နေ့မှ (၈.၉.၂၀၁၇)ရက်နေ့ထိ ကမ်းပြို ဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁၂၇)၊ အိမ်ထောင်စု(၁၂၇)၊ လူဦးရေ(၅၂၆)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၁၂၇၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၁၁၀၄၆၀၀ိ/-)၊ စုစုပေါင်း (၁၃၈၀၄၆၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၈)မျိုးတို့အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတာဝန်ရှိ သူတစ်ဦးမှ (၁၅.၉.၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) ဦးအား ခရီးစရိတ်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊  ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၇) ရက်နေ့၌ ကော့သောင်း မြို့သို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာရွှေ့ပြောင်း အလုပ်သမား၊ ကျား (၂၄) ဦးအား သက်ဆိုင်ရာကော်မတီများနှင့်အတူ ပူးပေါင်းကြိုဆိုခဲ့ပြီး နေရပ်ပြန်ရန် ကားခအခက်အခဲရှိသူ (၁) ဦးအား ရန်ကုန်ခရီးစဉ်အတွက် (၂၇၀၀၀/-) ကျပ် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၇/၂၀၁၇) ဖွင့်လှစ်မှုသတင်း

        ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့တွင် (၁၃-၉-၂၀၁၇) ရက်နေ့၌ သဘာဝဘေးလျော့ပါး ရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၇/၂၀၁၇)တွင် ဖွင့်လှစ်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး (ကဆရ) ဦးသောင်းရွှေနှင့် သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး (၂၅) ဦး၊ သင်တန်းသား/သူ (၃၀)ဦး၊ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁၃-၉-၂၀၁၇) ရက်နေ့မှ (၁၅-၉-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • ထောက်ပံ့ပစ္စည်းပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ မဲ့တစေးကျေးရွာနှင့် ပုံးစုတ် ကျေးရွာများမှ တိုက်ပွဲရှောင်ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၂၀၉) ဦးအတွက် ရိက္ခာတစ်လစာ ဆန် (၆၅) အိတ်၊ ဆီ (၉၀) ပိဿာ၊ ကုလားပဲ (၉၀) ပိဿာ၊ ဆား (၂၂) ပိသာနှင့် လယ်ယာသုံးပစ္စည်း ပေါက်ပြား၊ ဓါး၊ ပုဆိန်၊ တံဇဉ်နှင့် ထယ်သွား စုုုစုပေါင်း (၅၈၅) လက်တို့အား (၉-၉-၂၀၁၇) … Read more

  • မင်းပြားမြို့နယ်အတွင်း နေရပ်စွန့်ခွာလာရောက်ခိုလှုံသူများအား ထောက်ပံ့ပေးမှုသတင်း

      မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွါကာ မင်းပြားမြို့နယ်ရှိ ဆွေမျိုး များ၏နေအိမ်တွင် ထပ်မံ လာရောက်ခိုလှုံနေသော အိမ်ထောင်စု(၄၉) စု စုစုပေါင်းလူဦးရေ (၁၁၈)ဦးအတွက် ဆန်ရိက္ခာ (၈) အိတ် (၁၄) ပြည် (၄) ဗူး၊ ဆီ(၂၄.၅) ပိသာ၊ ပဲ(၂၄.၅) ပိသာ၊ ဆား(၁၂.၂၅) ပိသာတို့အား (၉-၉-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့သို့  သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မြောက်ဦးမြို့နယ်အတွင်း နေရပ်စွန့်ခွာလာရောက်ခိုလှုံသူများအား ထောက်ပံ့ပေးမှုသတင်း

    မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ မြောက်ဦးမြို့နယ် အတွင်း ခိုလှုံရာနေရာ(၈)ခုတွင် လာရောက်ခိုလှုံနေသော အိမ်ထောင်စု(၆၇) စု၊ လူဦးရေ (၂၂၁) ဦးအတွက် ဆန်ရိက္ခာ (၁၆) အိတ် (၂) ပြည် (၆) ဗူး၊ ဆီ(၃၃.၅)ပိဿာ၊ ဆား(၁၆.၇၅)ပိဿာ၊ ပဲ(၃၃.၅)ပိဿာတို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events