သံတွဲခရိုင်၊ မအီမြို့နယ်အတွင်း နေရပ်စွန့်ခွာလာရောက်ခိုလှုံသူများအား ထောက်ပံ့ပေးမှုသတင်း

 

(၁- ၉- ၂၀၁၇) ရက်နေ့နှင့် (၄- ၉- ၂၀၁၇) ရက်နေ့တို့တွင် သံတွဲခရိုင်၊ မအီမြို့ အမှတ် ( ၁)ရပ် ကွက်နှင့် ပဒါကျေးရွာများသို့ လာရောက်ခိုလှုံလျက်ရှိသည် နေရပ်စွန့်ခွါ အိမ်ထောင်စု (၉)စု လူဦးရေ (၄၂) ဦးအတွက် ကျောက်ဖြူခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် ( ၉- ၉-၂၀၁၇) ရက်နေ့၌ မအီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများထံသို့ဆန် (၃) အိတ် (၁) ပြည် (၄)ဗူး ၊ ဆီ (၄) ပိသာ (၅၀) ကျပ်သား၊ ပဲ (၄) ပိသာ (၅၀) ကျပ်သားနှင့် ဆား (၂) ပိသာ (၂၅) ကျပ်သား တို့ကို လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events