မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွါကာ မင်းပြားမြို့နယ်ရှိ ဆွေမျိုး များ၏နေအိမ်တွင် ထပ်မံ လာရောက်ခိုလှုံနေသော အိမ်ထောင်စု(၄၉) စု စုစုပေါင်းလူဦးရေ (၁၁၈)ဦးအတွက် ဆန်ရိက္ခာ (၈) အိတ် (၁၄) ပြည် (၄) ဗူး၊ ဆီ(၂၄.၅) ပိသာ၊ ပဲ(၂၄.၅) ပိသာ၊ ဆား(၁၂.၂၅) ပိသာတို့အား (၉-၉-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)