ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၁၇) ရက်နေ့၌ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး များအား ဦးစီးဌာန၏လုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံ နည်းစနစ်များကို ဆွေးနွေးဟောပြောခဲ့ရာ စုစုပေါင်း (၆၆) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)