Author Archives: Department of Disaster Management

  • ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ရေတိုက်စားမှုကြောင့်ပျက်စီးသွားသော အောင်မြင်မြို့နှင့် သဖန်းပင်​ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ ရိုးချောင်းတံတား၊ သရက်စိန်​ကျေးရွာနှင့် မိုးမခ​ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ တောင်ကျရိုးချောင်းတံတား၊ သရက်အုပ်​ကျေးရွာနှင့် နတ်လောင်း​ကျေးရွာသို့ ဆက်သွယ်ထား​သော လမ်းပေါရှိ လယ်ကြားရိုးတံတားတို့အား ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင်၊ ကျေးလက်လမ်းဖွံ့​ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်း​ကြည့်ရှုတိုင်းတာမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_oct2020 Source:           ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၊ ပီကင်းကောခူကျေးရွာ၊ ဝါရီကောခူကျေးရွာ၊ ဝါဆောင်ကျေးရွာများတွင် COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kyh_oct2020 Source:           ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ရေမဆေးကျောက်ရှာဖွေရာတွင် ပေ (၆၀) ခန့်မှ ကျောက်ခဲထိမှန်သေဆုံးပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ယခင်ရတနာစန်းရွှင်ကျောက် မျက်ကုမ္မဏီလုပ်ကွက်ဟောင်းအောက်ခြေတွင် ဖြစ်ပွားခဲ့သော ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ (၆၀) ခန့်မှ ကျောက်ခဲများရုတ်တရက်ပြုတ်ကျလာပြီး ကျောက်ခဲထိမှန်မှုကြောင့် သေဆုံးခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား (၂၉- ၁၀- ၂၀၂၀) ရက်နေ့၊ (၁၀:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn_oct2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး … Read more

  • နေပြည်တော်ကလေးပြုစုရေးဌာနအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ထမ်းမိသားစုများက အလှူငွေများလာရောက်လှူဒါန်း

      အောက်တိုဘာ ၂၉၊ နေပြည်တော် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းထားသည့် နေပြည်တော်ကလေးပြုစုရေးဌာနတွင် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီ အမှူးပြုသော ဝန်ထမ်းမိသားစုများ၏ စုပေါင်းအလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီဒေါက်တာဝင်းမြတ်အေး လက်ခံခဲ့ပါသည်။ ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ဇနီးဒေါ်မြသိင်္ဂီက လှူဒါန်းရသည့်အကြောင်းအရင်းကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲဇင်းကျေး ရွာအုပ်စု၊ ‌‌ငှက်ပျောတောကျေးရွာတွင် (၂၇-၁၀-၂၀၂၀) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သောအိမ်‌ခြေ (၂) လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်၊ ၄င်းအိမ်ထောင်စု (၂) စုရှိလူဦးရေ (၆) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၉၂,၆၀၀) ကျပ်ကို (၂၈-၁၀-၂၀၂၀) ရက်နေ့(၁၅:၃၀) နာရီ အချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးသင့်ပြည်သူများ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နောက်မီး ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာနှင့် ဝက်လဟာအုပ်စု၊ ကညင်တပင်‌ကျေးရွာတွင် (၂၆-၁၀-၂၀၂၀) ရက်နေ့ ကမ်းပြိုမှု‌ကြောင့် ‌ကြိုတင်‌ရွှေ့ပြောင်းခဲ့ရသော ဘုန်း‌တော်ကြီး‌ ကျောင်း (၁) ဆောင်၊ အိမ်ခြေ (၂) လုံး ပျက်စီးမှုအတွက် ကျောင်းဆောင်ထောက်ပံ့မှုအတွက် (၁၀၀,၀၀၀) ကျပ် အိမ်‌ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀) ကျပ်၊ အိမ်ထောင် စု (၂) စုရှိ လူဦးရေ(၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ … Read more

  • COVID-19 ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ စိုက်ကွင်း (၃) ကျေးရွာ၊ ဒေါဆန်းဘွန်းကျေးရွာများရှိ ပြည်သူများအား (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_oct2020     Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဖရူဆိုမြို့ နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါဆီးခူ ကျေးရွာ၊ ဒေါကလော်လဲကျေးရွာ၊ ဒေါသဲကျေးရွာ၊ ခိုးရားခူကျေးရွာများရှိ ပြည်သူများအား (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_oct2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events