Author Archives: Department of Disaster Management
-
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌဦးအေးသာအောင်၏နေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများအတွက်ထောက်ပံ့မှုခရီးစဉ်တွင်လိုက်ပါဆောင်ရွက်မှုသတင်း
(၄-၁၀-၂၀၁၇) ရက်နေ့တွင်အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌနှင့်အတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်များရှိ ကယ်ဆယ်ရေးစခန်းများသို့လိုက်ပါ၍ နေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများ၏အစားအသောက်၊ နေထိုင်မှု၊ ပညာရေးနှင့်ကျန်းမာရေးစသည်တို့ကို မေးမြန်းဆွေးနွေးနှစ်သိမ့် အားပေးစကားများပြောကြားခဲ့ပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
(၂၈ .၉.၁၇ )ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရွှေပြည်သာနှင့် သဒ္ဒမကျွန်း ကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၁၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၉၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၉၆၈၁၀) ကျပ်နှင့် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ လန်တာရွာနှင့် နံကပ်ကျေးရွာတွင် (၁.၁၀.၁၇ ) ရက်နေ့တွင် … Read more
-
ပုလောမြို့နယ်အတွင်း မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှု သတင်း
( ၂၅ -၉ -၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသည့် မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာ ကျေးရွာ မိုးကြိုးဘေး သင့်ပြည်သူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား(၄ -၁၀ -၂၀၁၇)ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများမှထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နောင်မွန်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်၊ ထုံလာကျေးရွာတွင် (၂၂-၉-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးမှုကြောင့် ကဆန်ချောင်းတွင် ရေမျောသေဆုံးခဲ့သူ ဦးဒခွမ်းဒီးရမ်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်မှ တဆင့် (၃-၁၀-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၁၀- ၂၀၁၇) ရက်နေ့၌ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ခတ်ချို IDP Camp တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ရည်ရွယ်ချက် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆွေးနွေးဟောပြောကျင်းပခဲ့ရာ လူဦးရေ စုစုပေါင်း (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်းဆောင်ရွက်မှုသတင်း
(၃-၁၀-၂၀၁၇)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဝန်ထမ်များ သည် မောင်တောမြောက်ပိုင်း၌ အကြမ်းဖက်မှုဖြစ်ပွားသောကြောင့် စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော တေဇာရာမကမ္မဌာန်း သရက်အုပ်ကျောင်းတိုက်၊ ဓါတ်ဦးဘုန်းတော်ကြီးကျောင်းတိုက်နှင့် အသျှင်ဓမ္မပါလကျောင်းတိုက်များရှိ ပြည်သူများနှင့်သွားရောက်တွေ့ဆုံ၍ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စားသောက်မှုများအား မေးမြန်းဆွေးနွေးပြီး အားပေးစကားပြောကြားခဲ့ကြပါသည်။
-
ပလောက်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှု သတင်း
(၂၅-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ပလောက်မြို့နယ်၊ ညောင်ရှင်ကုန်းကျေးရွာ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၄) မျိုးတို့ကို (၃၀ -၉ -၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ မော်လမြိုင်မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၏ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ်အတွင်းရှိ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (၃၅) ဦးဖြင့် ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ပိတ်ဆို့နေသောရေမြောင်းများအားရှင်းလင်းခြင်း၊ အမှိုက်များဆယ်ယူခြင်း၊ ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းခြင်းလုပ်ငန်းများအား (၁-၁၀-၂၀၁၇) ရက်နေ့ (၀၈းဝဝ) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ပန်းတောင်းမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာတွင် (၂၁-၉-၂၀၁၇) ရက်နေ့တွင် ကမ်းပါးပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းသော နေအိမ်(၅)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀) ကျပ်ကို (၂၉-၉-၂၀၁၇) ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဘေးသင့်ပြည်သူများအတွက် လွှဲပြောင်း ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၉-၉-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း ၃၀) အချိန်တွင် မိုင်းယုမြို့နယ်ခွဲ၊ မိုင်းယုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ်များအကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန် ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်း လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်ဌာနဆိုင်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁ဝဝ) ဦးတက်ရောက်ခဲ့ကြောင်း … Read more
