လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၏ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ်အတွင်းရှိ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (၃၅) ဦးဖြင့် ၂၀၁၇ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ပိတ်ဆို့နေသောရေမြောင်းများအားရှင်းလင်းခြင်း၊ အမှိုက်များဆယ်ယူခြင်း၊ ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းခြင်းလုပ်ငန်းများအား (၁-၁၀-၂၀၁၇) ရက်နေ့ (၀၈းဝဝ) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)