ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၉-၉-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း ၃၀) အချိန်တွင် မိုင်းယုမြို့နယ်ခွဲ၊ မိုင်းယုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ်များအကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန် ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်း လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်ဌာနဆိုင်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁ဝဝ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)