ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

5_pic 01

(၂၈ .၉.၁၇ )ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရွှေပြည်သာနှင့် သဒ္ဒမကျွန်း ကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၁၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၉၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၉၆၈၁၀) ကျပ်နှင့် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ လန်တာရွာနှင့် နံကပ်ကျေးရွာတွင် (၁.၁၀.၁၇ ) ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၂၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၀၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၁၇၈၁၀) ကျပ် ရန်ပုံငွေစုစုပေါင်း (၁၆၁၄၆၂၀)ကျပ် တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၀.၂၀၁၇) နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events