ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၁၀- ၂၀၁၇) ရက်နေ့၌ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ခတ်ချို IDP Camp တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ရည်ရွယ်ချက် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆွေးနွေးဟောပြောကျင်းပခဲ့ရာ လူဦးရေ စုစုပေါင်း (၁၀၀) ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)