Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် ပြည်ငြိမ်းအေးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် စုစုပေါင်း တက်ရောက်သူ (၁၀၀၀) ဦး တက် ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ် ချက်များ၊ ဘေးအန္တရာယ်နှင့်ဆက်လျဉ်းသည့်ဆောင်ရန်ရှောင်ရန်များဆွေးနွေးဟော ပြောခြင်းနှင့် ငလျင်လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါ သည်။ Source: ကျိုင်းတုံခရိုင်ဦးစီမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၉-၁-၂၀၁၈)ရက်နေ့၌ ဆိပ်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်၊ မာလာမြိုင်ရပ်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀ိ/-)ကျပ်တို့အား (၁၀-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • စက်ရေတွင်းသစ်တူးဖော်ခြင်းအတွက်အလှူငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူများသည် နတ်မောက်မြိ့ုနယ်၊ ပိတောက်ငုတ်ကျေးရွာစက်ရေတွင်းသစ် တူးဖော်ခြင်းအတွက်ဝန်ကြီးဌာနမှလှူဒါန်းငွေသိန်း(၁၀၀)ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင် တင်လင်းတို့နှင့်အတူ(၇.၁.၂၀၁၇)ရက်နေ့(၀၉၀၀)အချိန်က ပိတောက်ငုတ်ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရှိစက်ရေတွင်းသစ်အနီးတွင်စက်ရေတွင်းဖြစ်မြောက်ရေး ကော်မတီထံသို့လှူဒါန်းခဲ့ပါသည်။ အဆိုပါစက်ရေတွင်းသစ်တူးဖော်ပေးခြင်းကြောင့် ကျေးရွာရှိအိမ်ထောင်စု(၁၅၀)လူဦးရေ(၉၀၀)ဦးတို့ကို သောက်သုံးရေဖူလုံစေမည့်အပြင်တွင်းအနက်(၇၇၀)ပေတွင် ရေချိုထွက်ရိခြင်းကြောင့်ရွာသူရွာသားများကကျေးဇူးတင် ဝမ်းမြောက်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

  • UEHRD လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားရန် စီစဉ်ဆောင်ရွက်နေမှုသတင်း

    ပြည်သူများအတွက် UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင်နိုင်ရေးအတွက် လေမိုးဒဏ်ခံ ယာယီအဆောက်အဦများကို အသင့်ပြင်ဆင်ထားရှိရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကစီစဉ်လျက်ရှိပါသည်။ UEHRD  ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ သွားရောက်ပြီးကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူထားရှိသည့် အလျား(၁၉ပေ x ၆လက်မ)၊ အနံ(၁၃ပေ x ၃လက်မ)၊ ခေါင်အမြင့်(၉ပေ x ၇လက်မ)ရှိလူဦးရေ (၁၀)ဦးဆံ့ မိုးကာတဲများကို ကြည့်ရှုပါသည်။ မိုးကာတဲများသည် ဘယ်ဂျီယံနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်၍ (၁)လုံးအတွက် … Read more

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

    လူမှု/ကယ်ဆယ်ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ပေါ်သို့ရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း၄ခုနှင့် မိုင်းငေါ့မြို့သို့ရောက်ရှိနေသော တိုက်ပွဲရှောင်မိသားစုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၃၁၃) စ ုစာ၊ တန်ဖိုး (၆၉၀၆၆၅၈ိ/-) နှင့် လူဦးရေ (၁၂၀၀) ဦးအတွက် ရိက္ခာဖိုးငွေ (၂၅၂၀၀၀၀ိ/-) စုစုပေါင်းပစ္စည်းတန်ဖိုးနှင့် ငွေ (၉၄၂၆၆၅၈ိ/-) အား ကွင်းဆင်းထောက်ပံ့ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းညဏ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများနှင့်အတူ ကွင်းဆင်းကြည့်ရှု့အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မတူညီသောအသိုင်းအဝိုင်းနှစ်ခုကြား ရှင်းလင်းပြတ်သားသော သတင်းအချက်အလက်များ ရောက်ရှိရေးသည် လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

      ၂၅.၁၂.၂၀၁၇၊ ရန်ကုန် ပြဿနာဖြစ်ပွားနေသည့် လူမှုအသိုင်းအဝိုင်းတွင် လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်ခြင်း ဆိုင်ရာ ဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပဋိပက္ခဖြစ်ပွားမှုများရှိပြီး ခြိမ်းခြောက်မှုများ ရှိလာပါကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားမှုများရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ထိုမတူကွဲပြားမှုများကိုစုစည်းပြီး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံအဖြစ်တည်ရှိနေပါကြောင်း၊ ပြဿနာများကိုဖြေရှင်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက အချင်းချင်းသဟဇာတဖြစ်ပြီး အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီ အချိန် ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။

  • ကသာမြို့အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့ အမှတ် (၉) ရပ်ကွက်တွင် (၂၄-၁၂-၂၀၁၇)ရက်နေ့၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄,၂၀၀) ကျပ်နှင့်Family kits (၁) ပုံးတို့ကို (၂၄-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events