Author Archives: Department of Disaster Management
-
လပွတ္တာမြို့၊ မြို့လယ်ကျောင်းတိုက် ဓမ္မာရုံတွင် လျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၁-၂၀၁၈) ရက်နေ့| (၁၀းဝဝ)နာရီအချိန်တွင် လပွတ္တာမြို့၊ မြို့လယ်ကျောင်းတိုက် ဓမ္မာရုံတွင် ပညာရိပ်မွန်ဦးဘော်ဒါဆောင်မှ ကျောင်းသား/ကျောင်းသူ (၅၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထုံးဖိုမိချောင်းအိုင်ကျေးရွာအုပ်စု၊ ထုံးဖိုကျေးရွာတွင် သဘာဝဘေး အန္တာရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁-၂၀၁၈) ရက်နေ့ နံနက်(၁၀)နာရီမှ(၁၂) နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ၊် ထုံးဖိုမိချောင်းအိုင်ကျေးရွာ အုပ်စု၊ ထုံးဖိုကျေးရွာမှ ကျေးရွာနေပြည်သူ (၁၅၀)ဦးတို့အား ငလျင်ဘေးအပါအဝင် အခြားသဘာဝဘေးအန္တာရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများအား ကျေးရွာနေပြည်သူများထံသို့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပင်းတယမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အသိပညာပေးဟောပြောပွဲများကို (၂၀.၁.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တမဲကျေးရွာအုပ်စု ပင်းတယမြို့နယ်၌ ပြုလုပ်ရာ အင်အား (၁၅၀)ခန့်အား လည်းကောင်း၊ ညနေပိုင်းတွင် ကျားကုန်းကျေးရွာအုပ်စု ပင်းတယမြို့နယ်၌ ပြုလုပ်ရာ အင်အား (၁၀၀) ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း ပညာပေးဗွီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ ရပ်ရွာအခြေပြု သဘာဝဘေး လျော့ပါးရေးသင်တန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်မှုသတင်း
ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည်(၂၀-၁-၂၀၁၈)နေ့ (၁၀းဝဝ)နာရီ မှ(၁၁း၃၀) ထိ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ၊ ဘုန်းတော်ကြီး၌ အရပ်ဘက်အဖွဲ့အစည်းက ဖွင့်လှစ်သော ရပ်ရွာအခြေပြု သဘာဝဘေးလျော့ပါးရေးသင်တန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ(၄၅)ဦး တက်ရောက်ခဲ့ပြီး လက်စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဝန်းသိုမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၉-၁-၂၀၁၈)နေ့တွင် ဝန်းသို မြို့နယ်၊ စိန်လည် ကျေးရွာသူ/သား (၉၀)ခန့်အား (၁၂း၀၀)နာရီမှ (၁၃း၀၀)နာရီထိလည်းကောင်း ဝန်းသို မြို့နယ် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၄၃၀) ဦးတို့အား(၁၄းဝဝ)နာရီမှ (၁၅း၀၀) နာရီထိ လည်းကောင်း သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၉-၁-၂၀၁၈) ရက်နေ့၊ ညနေပိုင်းတွင် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၌ ငလျင်ဘေးနှင့် အခြားဘေးများအတွက် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်၊ အောင်မြေသာယာကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်း ပြုလုပ်မှုသတင်း
(၁၉-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကျောက်မဲမြို့နယ်အောင်မြေသာယာကျောင်းသို့ တိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်ကျောင်းသားကျောင်းသူ (၆၀) ဦးအား သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁ – ၁ – ၂၀၁၈) ရက်နေ့တွင်ကျိုင်းတုံတက္ကသိုလ်၌သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် ဥပဒေအကြောင်းများဟောပြောခြင်း၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား သရုပ် ပြဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ဆောင်ရန်ရှောင်ရန်အချက်များ ပါဝင်သောဗွီနိုင်းများပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မုံရွာမြို့၊ အိုးဘိုတောင်ကျေးရွာ (အ.လ.က) ကျောင်း၌ (၁၂-၁-၂၀၁၈) ရက်နေ့တွင် သဘာဝ ဘေးအသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်း သူ စုစုပေါင်း (၁၇၀) ဦးတက်ရောက်ခဲ့ပြီးသဘာဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဦးစီးမှူးရုံး
-
မြေငလျင်နှင့် မီးဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ACF အဖွဲ့အစည်းတို့ပူးပေါင်း၍ (၁၂-၁-၂၀၁၈) ရက်နေ့တွင် စစ်တွေမြို့၊ ဆတ်ရိုးကျ (ခ) ဆတ်ရိုး ကျရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ မြေငလျင်နှင့် မီးဘေးသဏ္ဍာန်တူဇာတ် တိုက်လေ့ကျင်းခန်းပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၃၀) ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
