Author Archives: Department of Disaster Management

  • ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ရှယ်လ်တာပြုပြင်မှုအတွက် ဆွေးနွေးညှိနှိုင်းမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများနှင့်အတူ‌ တိုင်းဒေသကြီးလွှတ်‌‌တော်‌ကိုယ်‌စားလှယ်၊ ခရိုင်‌/မြို့နယ်‌အဆင့် လမ်းဦးစီးဌာနမှတာဝန်‌ရှိသူများ၊‌ကျေးရွာ‌ကော်‌မတီအဖွဲ့ဝင်‌များသည် (၈-၃-၂၀၁၈) ရက်နေ့ ဖျာပုံမြို့နယ်‌‌၊ ဒေါ်ငြိမ်းကျေးရွာအုပ်‌ချုပ်‌‌ရေးမှူးရုံးခန်း၌ ‌ဒေါ်ငြိမ်းရှယ်‌လ်‌တာပြန်‌လည်‌ပြုပြင်‌‌ရေးအတွက်‌ အချိန်‌မီပြီးစီး‌ရေး၊ စံချိန်‌စံညွှန်းပြည့်မီ‌ရေးကိစ္စရပ်‌များအား ‌ဆွေး‌နွေးညှိနှိုင်းခဲ့ကြောင်းနှင့် တင်‌ပုလွှဲ‌ကျေးရွာ ဓမင်းဆိပ်‌ရှယ်လ်‌တာသို့ ဖျာပုံမြို့နယ်‌၊ လမ်းဦးစီးမှူးနှင့် ကျေးရွာ‌ကော်‌မတီဝင်‌များနှင့်အတူ ပြင်‌ဆင်ရမည့် အပိုင်းများကိုသွား‌ရောက် ‌ကြည့်ရှူပြီး လုပ်‌ငန်းစဉ်‌များ‌ ချပြ၍ဆွေး‌နွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေးအသိပညာဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)နေ့ (၁၀:၃၀)နာရီမှ (၁၂:၀၀)နာရီထိ ကောလင်းမြို့နယ်၊ ကန်လည်ကြီးကျေးရွာတွင်  သဘာဝဘေးအသိပညာများဆွေးနွေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၉၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ(၂၀)ဦး၊ သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅-၃-၂၀၁၈)ရက်နေ့မှ (၇-၃-၂၀၁၈)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

  • ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်အတွင်းရှိ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၃.၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု၊ ငါးကျီးရွာနှင့် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ငါးကျီးရွာ ကမ်းပြိုဘေးပြောင်းရွှေ့အိမ်ထောင်စု (၂၄၃) စုအတွက် အိမ်ထောင်စု (၁) စုလျှင် (၁) သိန်းနှုန်းဖြင့် (၂၄၃) သိန်း ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်တို့နှင့်အတူ သွားရောက်ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ တဇောင်းရိုးကျေးရွာ၌  (၁-၃-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ(၂၁၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၂၀၂၁၀၀ိ/-)နှင့် Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ပလပ်စတစ်ပုံးခွံ(၁)ပုံးတို့အား (၃-၃-၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၊ ပလ္လင်(၂) ကျေးရွာ၌ (၂၈-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ(၃)ဦးအတွက် Family Kits(၂၆)မျိုးပါ (၁)ပုံး(၈၂၀၀၀ိ/-)၊ ပလတ်စတစ်ပုံး(၁)ပုံး (၆၁၅၀ိ/-)၊နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၆၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၁၀၆၃၀၀ိ/-) အား (၁-၃-၂၀၁၈) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    (၂၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၊ သပြေညိုရပ်တွင် ရုတ်တရက် လေပွေတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာမှ ပျက်စီးသွားသော အိမ်ခြေ(၂)လုံး အိမ်ထောင်စု (၂) စု လူဦးရေ (၁၁) ဦးအား ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၃၁၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-) နှင့်သစ်ပင်ပိ၍ ထိခိုက်ဒဏ်ရာရသူ ပြည်သူ (၃) ဦး အတွက် ထောက်ပံ့ငွေ(၁၅၀၀၀၀ိ/-) စုစုပေါင်း (၃၇၃၁၀၀ိ/-) တို့ကို (၁-၃-၂၀၁၈) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • မီးဘေးသင့် ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

        ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဦးစီးမှူးရုံး(ဘစမ)မှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၈-၂-၂၀၁၈)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ ကျသေအိမ်ကျေးရွာ မီးဘေးသင့်အိမ်(၂)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၂)အိမ်ထောင်စာ၊ ဆန်ရိက္ခာရန်ပုံငွေ (၂၇,၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အား သွားရောက် ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်(၂၈-၁-၂၀၁၈)၇က်နေ့တွင် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀,၀၀၀)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး ၇န်ပုံငွေ(၁၆၈၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၆,၈၀၀)ကျပ်နှင့် (၂၉-၁-၂၀၁၈)၇က်နေ့တွင် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၇န်ပုံငွေ (၇၀၀,၀၀၀) ကျပ်လူဦးရေ (၃၉)ဦးအတွက် ဆန်ရိက္ခာဖိုး ၇န်ပုံငွေ(၈၁,၉၀၀) ကျပ်၊ စုစုပေါင်း၇န်ပုံငွေ (၇၈၁,၉၀၀) ကျပ်၊ စုစုပေါင်း နေအိမ်(၉) လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ (၄၇)ဦးစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး … Read more

Sign Up

Upcoming Events