Author Archives: Department of Disaster Management

  • ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး လှုုပ်ရှားမှုများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်း

    ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ မတ်လ (၉)ရက် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင် ၏ဇနီး ဒေါက်တာဒေါ်ခင်သန်းအေးနှင့် ဝန်ကြီးဌာနအမျိုးသမီးများအဖွဲ့က ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် -၂၁၀၀၀၀၀ိ/-(ကျပ်ငွေ-နှစ်ဆယ့်တစ်သိန်း တိတိ)ကို ယနေ့ နံနက်ပိုင်းတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ လာရောက်လှူဒါန်းခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၏ဇနီးက ဝန်ကြီးဌာနမိသားစုများမှ လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ ရင်ခွင်မဲ့ … Read more

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အခြေခံရေပြင်အသက်ကယ်ခြင်းသင်တန်း(၂/၂၀၁၈) ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် SDC အဖွဲ့နှင် ပူးပေါင်း၍ (၈-၃-၂၀၁၈)ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ (21paradise)ရှိ ရေကူးကန်တွင် အခြေခံရေပြင်အသက်ကယ်ခြင်းသင်တန်း (၂/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် သင်တန်းသားများအား အသက်ကယ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့က တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ သကျက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား ဆွေးနွေးပြောကြားခြင်းနှင့် တက်ရောက်လာကြသော ရပ်ရွာနေပြည်သူ (၁ဝ၃)ဦးအား  ဆပ်ပြာမှုန့်များ၊ ရေသန့်ဆေးဘူး၊ လက်ကမ်းစာစောင်များနှင့် မီးဘေးဗွီနိုင်းပိုစတာအားဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့မှ (၈-၃-၂၀၀၈)ရက်နေ့အထိ ပြည်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း”သင်တန်းဆင်းပွဲအား (၈-၃-၂၀၁၈) ရက်နေ့ ညနေ (၁၆:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များနှင့် အထောက်အကူပစ္စည်းများဖြစ်သည့် ရေဒီယို နှင့် Hand speaker များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၈)ရက်နေ့ကဖြစ်ပွားခဲ့သော ကျိုင်းတုံ မြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေယုတ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၂) သိန်း ၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေကျပ် (၁၄,၇၀၀) ၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၄,၇၀၀) အား (၈-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဝါးကျစ်လိမ်ကျေးရွာအုပ်စု၊ ဝါးကျစ်လိမ်ကျေးရွာ၊ နာဇရက်ဘုရှ်ပရဟိတဂေဟာရှိ ကျောင်းသား/သူ(၁၂၀)ဦးခန့်အား ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးနှင့် ပတ်သက်သော အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာတွင် (၂၈-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၃၂ မျိုးပါ Relief Kit (၁)ပုံး) အိမ်ဆောက်ပစ္စည်းတန်ဖိုး(၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀)ကျပ်တို့အား (၈-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ယာယီရုံးသစ်ဖွင့်လှစ်မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ယာယီရုံးသစ်ဖွင့်လှစ်ခြင်းအား (၈-၃-၂၀၁၈)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဖရူဆိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်းနှင့် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နယ်ပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့မှ (၈-၃-၂၀၁၈)ရက်နေ့အထိ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်းသား (၃၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကို (၈-၃-၂၀၁၈)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ဘန်လောကျေးရွာ၌ သဘာဝဘေးအသိပညာ ပေးခြင်းအားအဓိကဆွေးနွေးခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၀၅)ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များနှင့် မီးဘေးပိုစတာဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events