Author Archives: Department of Disaster Management

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈) ရက်နေ့၌ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် ပျက်စီးခဲ့သည့် မီးဘေးသင့်အိမ်ခြေ (၁၁) လုံး ၊ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၇၄) ဦးတို့အတွက် (၂၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး ၊ (၂၁) အိမ်ထောင်စုစာ family kits ၊ ဆန်ရိက္ခာဖိုး(၁၅၅၄၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀၀)တို့အား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းကျင်းပမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၁၈) ရက်နေ့မှ (၃၀-၃-၂၀၁၈ ) ရက်ထိ သသဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသားဦးရေ (၅၂) ဦးတက် ရောက်ခဲ့ပြီး (၃၀-၃-၂၀၁၈) ရက်နေ့ (၁၅:၃၀) အချိန်တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအသိပညာပေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့့့၌ ကလေးမြို့နယ်၊ ကျီကုန်းကျေးရာအုပ်စု၊ ဖောင်ကူးကျေးရွာသစ်တွင် ငလျင်ဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်းလူဦးရေ (၆၄) ဦးတက် ရောက်ခဲ့ပြီး တက်ရောက်လာသူူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ထောက်ပံ့မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကန်လှကျေးရွာအုပ်စု၊ ကန်လှကျေးရွာတွင် (၂၇-၃-၂၀၁၈)ရက်နေ့(၁၂း၅၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရီက္ခာ(၇)ရက်စာ(၄၂၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁၄၂၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၂၉-၃-၂၀၁၈) ရက်နေ့ တွင်  ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ စစ်တွေမြို့နယ်၊ အောင်မင်္ဂလာမြောက်ရပ်ကွက်တွင် (၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်ထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးပိုစတာနှင့် ခေါက်ဆွဲခြောက်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးသစ် (ယာယီ)နှင့် ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)အား (၂၈-၃-၂၀၁၈)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီ အချိန် သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါရုံးသစ်ဖွင့်ပွဲသို့ မွန်ပြည်နယ်ဦးစီးမှူးမှ တက်ရောက်၍ ရုံးဖွင့်လှစ်ရသည့် အကြောင်းအား အသေးစိတ်ရှင်းလင်းအမှာစကား ပြောကြားခဲ့ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြကြောင်းနှင့် ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)ကိုလည်း (၂၈-၃-၂၀၁၈)ရက်နေ့တွင်ပင် ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေလှူဒါန်းမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈)ရက်နေ့တွင်ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ယပ်ခူကျေးရွှာ၊ (၂၄-၃-၂၀၁၈)ရက်နေ့နှင့် (၂၅.၃.၂၀၁၈)ရက်နေ့တို့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွှာအုပ်စု၊ ဖူးကရားခူကျေးရွှာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ကန့်ဘလူကျေးရွာတွင် (၁၉-၃-၂၀၁၈)နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ၂ အိမ်ထောင်စာအား (၂၇-၃ -၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ တွင် UEHRD စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (၅)ကြိမ်မြောက်နှင့် (၆)ကြမ်မြောက် အကြား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆက်မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ယင်းမ(ဘင်္ဂလီ)၊ ယင်းမ(တိုင်းရင်းသား)၊ ယင်းကျောက်တောင်(တိုင်းရင်းသား)၊ စုစုပေါင်း ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၁၂)စုမှ လူဦးရေ (၄၈၂)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၁၅၀)အိတ်နှင့် (၁၅)ပြည်၊ ဆီ(၁၈၀.၇၅)ပိသာ၊ ဆား(၃၆.၁၅)ပိသာနှင့်  ပဲ(၇၂၃)ပိသာ တို့အား ပြည်နယ်ဦးစီးမှူးဦးဆောင်၍  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မောင်တောခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသား အိမ်ထောင်စု (၇၀) စုမှ လူဦးရေ (၃၂၂)ဦးအား ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ ဆပ်ပြာတောင့်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာ ၁လစာအဖြစ် ဆန်၊ ပဲ၊ ဆားများအား (၂၇-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events