ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ကန့်ဘလူကျေးရွာတွင် (၁၉-၃-၂၀၁၈)နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ၂ အိမ်ထောင်စာအား (၂၇-၃ -၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။