သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးသစ် (ယာယီ)နှင့် ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)ဖွင့်လှစ်မှုသတင်း

28 pic_02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)အား (၂၈-၃-၂၀၁၈)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီ အချိန် သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါရုံးသစ်ဖွင့်ပွဲသို့ မွန်ပြည်နယ်ဦးစီးမှူးမှ တက်ရောက်၍ ရုံးဖွင့်လှစ်ရသည့် အကြောင်းအား အသေးစိတ်ရှင်းလင်းအမှာစကား ပြောကြားခဲ့ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြကြောင်းနှင့် ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)ကိုလည်း (၂၈-၃-၂၀၁၈)ရက်နေ့တွင်ပင် ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events