ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ တွင် UEHRD စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (၅)ကြိမ်မြောက်နှင့် (၆)ကြမ်မြောက် အကြား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆက်မပြတ်စေရေးအတွက် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ယင်းမ(ဘင်္ဂလီ)၊ ယင်းမ(တိုင်းရင်းသား)၊ ယင်းကျောက်တောင်(တိုင်းရင်းသား)၊ စုစုပေါင်း ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၁၂)စုမှ လူဦးရေ (၄၈၂)ဦးတို့အတွက် အခြေခံစားနပ်ရိက္ခာ (၁)လစာ ဆန်(၁၅၀)အိတ်နှင့် (၁၅)ပြည်၊ ဆီ(၁၈၀.၇၅)ပိသာ၊ ဆား(၃၆.၁၅)ပိသာနှင့်  ပဲ(၇၂၃)ပိသာ တို့အား ပြည်နယ်ဦးစီးမှူးဦးဆောင်၍  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events