ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈)ရက်နေ့ စစ်တွေမြို့နယ်၊ အောင်မင်္ဂလာမြောက်ရပ်ကွက်တွင် (၁၀:၀၀)အချိန်မှ (၁၁:၃၀)အချိန်ထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးပိုစတာနှင့် ခေါက်ဆွဲခြောက်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။