Author Archives: Department of Disaster Management

  • လေဘေးထောက်ပံ့ပေးမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများ သည် မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် (၁၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၇) လုံး၊ ရွာလယ် ဓမ္မာရုံ (၁) ရုံ၊ အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၈၄) ဦးဘေးသင့်ခဲ့ရာ အိမ်ဆောက် ပစ္စည်းဖိုး (၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၇၆၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း (၉၇၆၄၀၀) (ကျပ်ကိုးသိန်းခုနှစ်သောင်းခြောက်ထောင့်လေးရာ တိတိ) တို့အား (၁၆-၄-၂၀၁၈) … Read more

  • ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၁၈)ရက်နေ့ ‌ဘိုက‌လေးမြို့နယ်‌၊ လင်းတိုင်‌‌ကျေးရွာအုပ်‌စု၊ ခူလံအ‌ရှေ့‌ကျေးရွာတွင်‌ စက်‌‌လှေနစ်‌မြုပ်‌၍‌ပျောက်‌ဆုံး‌ခဲ့ရာ (၁၅-၄-၂၀၁၈)ရက်နေ့တွင်‌ရုပ်‌အ‌လောင်းရှာ‌ဖွေ‌တွေ့ရှိခဲ့သူ မနီနီစိုး၊ အသက်‌ (၁၇)နှစ်‌၏ကျန်‌ရစ်‌သူမိသားစုဝင်‌ဖြစ်‌သည့် မိခင်‌အား‌ ထောက်‌ပံ့‌ငွေကျပ်‌ (၃)သိန်း‌ကို ‌ (၁၆-၄-၂၀၁၈)ရက်နေ့တွင် ‌နေအိမ်‌သို့သွား‌‌ရောက်‌‌ထောက်‌ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်

    (၂၀၁၈ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ ထုတ်ပြန်ချက်) မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း နေ့ အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေ ပြင်လေသည် တစ်နာရီ လျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ … Read more

  • မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာမီးဘေးသင့်ပြည်သူများအား လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှထောက်ပံ့မှုသတင်း

    – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာရှိဦးစိန်၏ နေအိမ်အား (၁၃-၄-၂၀၁၈)ရက်နေ့ (၁၇း၁၀)အချိန်ခန့်တွင်မွန်ချမ်း(ခ)မောင်ချမ်းမှ မီးရှို့ရာမှတဆင့် လူနေအိမ် (၃၈)လုံးမီးလောင်ပျက်စီးခဲ့ပြီးလူနေအိမ်(၇)လုံးအားကြိုတင်ဖျက်သိမ်းခဲ့ရကာအိမ်ထောင်စု (၄၅)စုမှ လူဦးရေ(၂၁၉)ဦးမီးဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။ – အဆိုပါမီးလောင်မှုကြောင့် ပျက်စီးသွားသောနေအိမ်(၃၈)လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၇)လုံးစုစုပေါင်းနေအိမ်(၄၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇,၀၀၀,၀၀၀ိ/-)၊အိမ်ထောင်စု(၄၅)စုအတွက် တန်ဖိုးငွေ(၁,၅၄၈,၉၈၄ိ/-) တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်းများ၊ ပလပ်စတစ်ရေပုံး(၉၀)ပုံးနှင့် Family Kit (၄၅)ထုပ်နှင့်လူဦးရေ(၂၁၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၄,၅၉,၉၀၀ိ/-)နှင့်တန်ဖိုးငွေ(၁၀၉,၅၀၀ိ/-)ရှိရေသန့်ဘူး (၄၂၈)ဘူးစုစုပေါင်းတန်ဖိုးငွေ(၉,၁၁၈,၃၈၄ိ/-)(ကျပ်ကိုးဆယ့်တစ်သိန်းတစ်သောင်းရှစ်ထောင်သုံးရာရှစ်ဆယ့်လေးတိတိ)အား (၁၄-၄-၂၀၁၈)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ြပည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကသွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာနှင့် နတ်အင်းကျေးရွာတို့တွင် (၁၀-၄-၂၀၁၈) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ အမိုးလန်အိမ်ခြေ(၉၂)လုံး၊ လူဦးရေ(၄၄၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၆၀၀,၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေကျပ် (၉၃၄,၅၀ဝ)၊ စုစုပေါင်းငွေကျပ်တန်ဖိုး (၅,၆၃၄,၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၉၂-အိမ်ထောင်စုစာ)တို့အား (၁၃-၄-၂၀၁၈) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • မီးဘေးထောက်ပံ့မှုသတင်း

    (၂၄-၃-၂၀၁၈) ရက်နေ့ (၁၆း၀၀) အချိန်တွင် မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာ၌ ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင် (၁) စ၊ု လူဦးရေ (၈) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိ ုး၊ (၁) အိမ်ထောင်စုစာ ဆန်ဖိုး (၁၆၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)၊ စုစုပေါင်း (၁၁၆၈၀၀) အား (၁၂-၄-၂၀၁၈) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပပေးခဲ့ကြောင်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    မောင်တောမြို့နယ်၊ ငါးခူရ(ဟိန္ဒူ)ကျေးရွာတွင် (၁၂.၄.၂၀၁၈) ရက်နေ့တွင် မီးဘေးဖြစ်ပွားခဲ့ကာ လူနေအိမ် (၆၅) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု (၆၅) စုမှ လူဦးရေ (၄၁၉) ဦး၊ မီးဘေးသင့်ခဲ့ရပါသဖြင့် ကဆရပစ္စည်း (၁၅) မျိုး၊ (၆၅) စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅) သိန်း၊ ဆန် ဆီ ပဲ ဆား (၂) ပတ်စာအား    (၁၂. ၄.၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးနှင့် မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွ မြိုနယ်၊ အမှတ်(၉)ရပ်ကွက်တွင် (၁၁.၄.၂၀၁၈) ရက်နေ့ မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း ( ၁၆) မျိုး၊ ( ၅)အိမ်ထောင်စာ၊ အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၆၀၀၀၀ဝိ)ကျပ်၊ လူဦးရေ (၂၄) ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာ (၅၀၄၀ဝိ) ကျပ်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၂.၄.၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • မိုးကြိုးဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

    (၂၃.၃.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ရေကန်တောင်ကျေးရွာ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအား ထောက်ပံ့ ငွေ(၃၀၀၀၀၀)ကျပ် နှင့် (၂၅.၃.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ကျွန်းစုုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ သဲအော်ကျေးရွာအတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးတို့အား ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀၀၀၀၀) ကျပ်အား (၁၂.၄.၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း

    (၇.၄.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ ငြိမ်းချမ်းရေးရပ် စည်ပင်သာယာလမ်း၊ မီးဘေးသင့်အိမ်ခြေ (၄) လုံးမှ အိမ်ထောင်စု (၁၀) စုအတွက် ကဆရပစ္စည်း(၁၅)မျိုး အား (၇.၄.၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး (၁၂.၄.၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့များမှ ထောက်ပံ့ငွေအသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည်မှ အိမ်ခြေ(၄)လုံး (ဓနိမိုးပျဉ်ထောင် ပျဉ်ခင်းနေအိမ် (၁) လုံး … Read more

Sign Up

Upcoming Events