ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် (၁၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၇) လုံး၊ ရွာလယ် ဓမ္မာရုံ (၁) ရုံ၊ အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၈၄) ဦးဘေးသင့်ခဲ့ရာ အိမ်ဆောက် ပစ္စည်းဖိုး (၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၇၆၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း (၉၇၆၄၀၀) (ကျပ်ကိုးသိန်းခုနှစ်သောင်းခြောက်ထောင့်လေးရာ တိတိ) တို့အား (၁၆-၄-၂၀၁၈) ရက်နေ့တွင် ပုညမုဒိတာကျန်းမာရေးစောင့်ရှောက်မှု နှင့်သွေးလှူရှင်အသင်း (ပခုက္ကူ) တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source : ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)