မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာမီးဘေးသင့်ပြည်သူများအား လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှထောက်ပံ့မှုသတင်း

15 pic_01 15 pic_03 15 pic_04 15 pic_05 15 pic_06 15 pic_07 15 pic_08 15 pic_09 15 pic_10 15 pic_11
– မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာရှိဦးစိန်၏ နေအိမ်အား (၁၃-၄-၂၀၁၈)ရက်နေ့ (၁၇း၁၀)အချိန်ခန့်တွင်မွန်ချမ်း(ခ)မောင်ချမ်းမှ မီးရှို့ရာမှတဆင့် လူနေအိမ် (၃၈)လုံးမီးလောင်ပျက်စီးခဲ့ပြီးလူနေအိမ်(၇)လုံးအားကြိုတင်ဖျက်သိမ်းခဲ့ရကာအိမ်ထောင်စု (၄၅)စုမှ လူဦးရေ(၂၁၉)ဦးမီးဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။
– အဆိုပါမီးလောင်မှုကြောင့် ပျက်စီးသွားသောနေအိမ်(၃၈)လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၇)လုံးစုစုပေါင်းနေအိမ်(၄၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇,၀၀၀,၀၀၀ိ/-)၊အိမ်ထောင်စု(၄၅)စုအတွက် တန်ဖိုးငွေ(၁,၅၄၈,၉၈၄ိ/-) တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်းများ၊ ပလပ်စတစ်ရေပုံး(၉၀)ပုံးနှင့် Family Kit (၄၅)ထုပ်နှင့်လူဦးရေ(၂၁၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၄,၅၉,၉၀၀ိ/-)နှင့်တန်ဖိုးငွေ(၁၀၉,၅၀၀ိ/-)ရှိရေသန့်ဘူး (၄၂၈)ဘူးစုစုပေါင်းတန်ဖိုးငွေ(၉,၁၁၈,၃၈၄ိ/-)(ကျပ်ကိုးဆယ့်တစ်သိန်းတစ်သောင်းရှစ်ထောင်သုံးရာရှစ်ဆယ့်လေးတိတိ)အား (၁၄-၄-၂၀၁၈)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ြပည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကသွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events