ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာနှင့် နတ်အင်းကျေးရွာတို့တွင် (၁၀-၄-၂၀၁၈) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ အမိုးလန်အိမ်ခြေ(၉၂)လုံး၊ လူဦးရေ(၄၄၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄,၆၀၀,၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေကျပ် (၉၃၄,၅၀ဝ)၊ စုစုပေါင်းငွေကျပ်တန်ဖိုး (၅,၆၃၄,၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၉၂-အိမ်ထောင်စုစာ)တို့အား (၁၃-၄-၂၀၁၈) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Sign Up

Upcoming Events