
(၇.၄.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ ငြိမ်းချမ်းရေးရပ် စည်ပင်သာယာလမ်း၊ မီးဘေးသင့်အိမ်ခြေ (၄) လုံးမှ အိမ်ထောင်စု (၁၀) စုအတွက် ကဆရပစ္စည်း(၁၅)မျိုး အား (၇.၄.၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး (၁၂.၄.၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့များမှ ထောက်ပံ့ငွေအသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည်မှ အိမ်ခြေ(၄)လုံး (ဓနိမိုးပျဉ်ထောင် ပျဉ်ခင်းနေအိမ် (၁) လုံး အတွက် (၁၀၀၀၀၀)ကျပ်နှင့် သွပ်မိုး ပျဉ်ထောင် ပျဉ်ခင်း (၃) လုံးအတွက် (၁)လုံးလျှင် (၂၀၀၀၀၀) ကျပ်နှုန်း = (၆၀၀၀၀၀) အိမ်ဆောက်ပစ္စည်းဘိုး ငွေ (၇၀၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈၈၂၀၀ိ/) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၈၂၀၀) ကျပ်အား (၁၂.၄.၂၀၁၈) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။