Author Archives: Department of Disaster Management

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ အသိပေးကြေညာချက်

    လေဖိအားနည်းရပ်ဝန်းအခြေအနေ ======================== ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ====================================================== ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀)နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ Source:DMH

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ အသိပေးကြေညာချက်

    လေဖိအားနည်းရပ်ဝန်းအခြေအနေ ====================== (၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ပါသည်။ Source:DMH

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီ်ခရိုင်၊ အုတ်ဖိုမြို့နယ် ၊ ကျေးရွာအုပ်စု(၁၀)စု ၊မြို့(၁)ခုကျေးရွာ(၁၇)ရွာနှင့် ရပ်ကွက်(၁)ခု တွင် (၁၉-၄-၂၀၁၈)နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး၊ လူဦးရေ (၄)ဦးနှင့် အမိုးလန်နေအိမ်(၃၀)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာတန်ဖိုးငွေ စုစုပေါင်း(၁,၆၇၃,၄၀၀)ကျပ်တို့အား (၂၃-၄-၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၆)စု၊ ရပ်ကွက် (၁)ခု ၊ ကျေးရွာပေါင်း (၃၃)ရွာတို့၌  (၁၉-၄-၂၀၁၈)နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ် (၁၉၉)လုံးတို့အတွက် ထောက်ပံ့ရန်ကျန်သော ခြင်ထောင်  (၈၃)လုံးနှင့် ပလပ်စတစ်ပုံးခွံ(၁၅၃)တို့အား (၂၃-၄-၂၀၁၈)နေ့တွင်သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း (၁၇)ရွာတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် လေဘေးသင့်ထပ်တိုးပြိုလဲအိမ်(၃၀) ၊ လူဦးရေ (၁၃၁)ဦး၊ အမိုးလန်အိမ်ပေါင်း (၅၀)လုံးတို့အတွက် (အိမ်ဆောက်ပစ္စည်း+ ဆန်ရိက္ခာ)တန်ဖိုးငွေကျပ် စုစုပေါင်း(၄,၇၇၅,၁၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃၀)အိမ်ထောင်စာ တို့အား (၂၃-၄-၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီ်ခရိုင်၊ မင်းလှမြို့နယ် ၊ ကျေးရွာအုပ်စု(၄)စု ကျေးရွာ(၄)တွင် (၁၉-၄-၂၀၁၈)နေ့ အထိဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်နေအိမ်(၉)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၂၇၀,၀၀၀)ကျပ်အား (၂၃-၄-၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ကြို့ပင်ကာက်မြို့နယ် ၊ ကျေးရွာအုပ်စု(၆)စု ကျေးရွာ(၁၀)တွင် (၁၉-၄-၂၀၁၈)နေ့အထိဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ်ခြေ(၂)လုံး၊ လူဦးရေ (၆)ဦးနှင့် အမိုးလန်နေအိမ်(၂၅)လုံးတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး(၂-အိမ်ထောင်စာ)၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းရန်ပုံငွေ (၁,၁၇၆,၁၀၀)ကျပ်တို့အား (၂၃-၄-၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၈)ရက်နေ့နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀)အချိန်အထိ ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် သဘာဝဘေးနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား ရေသန့်ဘူးများဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • UEHRD ၏ စေတနာ့၀န်ထမ်းလူငယ်အစီအစဉ် (ဆဌမအကြိမ်)အတွက် လုပ်ငန်းခွင်အကြို သင်တန်း ဖွင့်လှစ်မှုသတင်း

      ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD)၏ စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (ဆဌမအကြိမ်)လုပ်ငန်းခွင်အကြိုသင်တန်းအား (၂၂-၄-၂၀၁၈)နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနများမှ တာဝန်ရှိပုဂိ္ဂုလ်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများ၊ Onlineမှ လျှောက်ထားသည့် စေတနာ့ဝန်ထမ်းလူငယ်များ၊ ဗြဟ္မစိုရ်အသင်း၊ HCYTအဖွဲ့နှင့် လူရည်ချွန်အဖွဲ့(ရခိုင်ပြည်နယ်) တို့မှ စေတနာ့ဝန်ထမ်းလူငယ််များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းထွဋ်ဆွေမှ … Read more

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးဝမြို့နယ်အတွင်း (၁၇/၁၈-၄-၂၀၁၈)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှု ကြောင့် ရှမ်းစုကျေးရွာ နေအိမ်(၁)လုံး၊ ဘွန်ဘွေးခုံကျေးရွာ နေအိမ်(၁)လုံး၊ ဆင်ခေါင်း ကျေးရွာနေအိမ်(၁)လုံး၊ ဟင်တင် ကျေးရွာနေအိမ်(၁)လုံးနှင့် စုစုပေါင်းနေအိမ်(၄)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ပါသည်။ အဆိုလေဘေးအတွက် ကလေးခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၉၀,၀၀၀) ကျပ်အား (၂၁-၄-၂၀၁၈) ရက်နေ့တွင် ကလေးဝမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌရုံးခန်း၌ ကျင်းပပြုလုပ်ရာ ကလေးဝမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်အတူ လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more

Sign Up

Upcoming Events