Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာတို့တွင်(၃၁-၁၀-၂၀၂၀ ) ရက်နေ့နှင့် (၃-၁၁-၂၀၂၀) ရက်နေ့တို့၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ (၇၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး(၁၄၇,၀၀ဝ) ကျပ်၊စုစုပေါင်း (၁,၆၄၇,၀၀ဝ) ကျပ်တို့ကို (၄-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့၊ မြို့မတောင်ကုန်းရပ်ကွက်တွင် (၃-၁၁-၂၀၂၀)ရက်နေ့(၂၀:၀၀)နာရီမှ (၂၂;၀၀)အချိန်ထိ မိုးသည်းထန်စွာရွာသွန်း၍ လောင်ထောင်ချောင်း ချောင်းရေမြင့်တက်မူကြောင့် နေအိမ်(၂)လုံး၊ တစ်စိတ်တပိုင်းပျက်စီး အိမ်ထောင် စု(၂)စု၊ လူဦးရေ (၉)ဦးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀ိ/-)၊ စုစုပေါင်း (၁၂၈၉၀၀ိ/-)တို့ကို မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရပ်ကွက်အုပ်ချုက်ရေမှူးတို့နှင့်အတူ (၄-၁၁-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_nov2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ နီစပ်ကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာနှင့် မိချောင်းကျော်ကျေးရွာတို့တွင် (၂၉.၁၀.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထာင်စု (၃)စုမှ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၉၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၂၇၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၇၃၀ဝိ/-) အား (၄-၁၁-၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_nov2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (သုံးဆယ့်ခြောက်ကျေးရွာ၊ အိုးဘိုကျေးရွာ၊ ဂျပ္ပင်ကျေးရွာ)များတွင်လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်၍ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ အင်္ဂပူမြို့နယ်၊ ကျီကြီးကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၊ စီပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာနှင့် ကျောင်းကွင်းကျေးရွာအုပ်စု၊ အကျကွင်းကျေးရွာတို့တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့ လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၄)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀)ကျပ်၊ ၄င်းအိမ်ထောင်စု(၄)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၄၆၂၀၀)ကျပ် -စုစုပေါင်းရန်ပုံငွေ (၂၃၆၂၀၀)ကျပ်ကို (၃-၁၁- ၂၀၂၀)ရက်နေ့(၁၅:၃၀)နာရီ အချိန်တွင်တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_nov2020 Source: အင်္ဂပူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၀-၂၀၂၀)ရက်နေ့၊ ညနေ(၀၈:၀၀)အချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး (ကျွန်းညိုရွာသစ်) ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၁)ဦး မ(၂)ဦး၊ စုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁ဝ၆၃၀၀/-)နှင့် ဓာတ်ဆား(၁၀)ထုပ်အား (၃-၁၁-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ မာန်မြေအရှေ့စုကျေးရွာတွင် (၂.၁၁.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)၊ လူဦးရေ(၂၂)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၄၆၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၆၂၀၀) အား (၃.၁၁.၂၀၂၀)ရက်နေ့(၁၈:၃၀)အချိန် ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၃-၁၀-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် မူးဒူးနှင့် ထိန်ကြီးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဇီးဖြူပင် ကျေးရွာအုပ်စု၊ ကျွန်းကလေး ကျေးရွာ၌ (၂၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်အား (၃-၁၁- ၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ ကဒီးကျေးရွာ၊ ကွင်းအမှတ်(၁၁၉၅)တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကဒီးကျေးရွာမှ မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀ိ/-)အား (၃-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သေဆုံးသူ၏ ဆွေမျိုးထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mdy_nov2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
