ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၀-၂၀၂၀)ရက်နေ့၊ ညနေ(၀၈:၀၀)အချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီး (ကျွန်းညိုရွာသစ်) ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၁)ဦး မ(၂)ဦး၊ စုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁ဝ၆၃၀၀/-)နှင့် ဓာတ်ဆား(၁၀)ထုပ်အား (၃-၁၁-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_nov2020

Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events