ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ မာန်မြေအရှေ့စုကျေးရွာတွင် (၂.၁၁.၂၀၂၀)ရက်​​နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)၊ လူဦးရေ(၂၂)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၄၆၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၆၂၀၀) အား (၃.၁၁.၂၀၂၀)ရက်နေ့(၁၈:၃၀)အချိန် ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_nov2020

Source:             ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events