Author Archives: Department of Disaster Management
-
လေဖိအားနည်း၀န်းနှင့် ပတ်သက်၍ ပြည်သူသို့အသိပေး နှိုးဆော်ချက်
၁။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏၂၀၁၈ခုနှစ်၊ဇွန်လ(၉)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်၀န်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေကြောင်းနှင့် ယင်းအရှိန်ကြောင့် (၁၀-၆-၂၀၁၈)နေ့မှ(၁၄-၆-၂၀၁၈)နေ့အတွင်းတစ်ပြည်လုံးနေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးရွာပြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ကာ ကျန်တိုင်းဒေသကြီး /ပြည်နယ်များတွင် ဒေသအလိုက်မိုးကြီးနိုင်ကြောင်းသိရှိရပါသည်။ ၂။ ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ကြိုတင်ပြင်မှုများဆောင်ရွက်ထားရန် လိုအပ်ကြောင်း အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုအပ်ပါသည်- (က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေ၀သသတင်းများကို စဥ်ဆက် မပြတ်နားထောင်ပြီး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၆.၂၀၁၈) ရက်နေ့တွင် လွိုင်ကောြ်မို့နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ ဆရာမ (၁၀၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_jun2018
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျွဲသောင်ကျေးရွာအုပ်စု၊ သနပ်ခုံကျေးရွာတွင် (၆.၆.၂၀၁၈)ရက်နေ့၊ မိုးကြိုးစက်ကွင်းမိကာ သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ် ရေးထောက်ပံ့ရန်ပုံငွေ (၃)သိန်းကျပ်ကို (၈-၆-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jun2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ လိပ်ပေါင်ဆွဲကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် (၃၀.၅.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ(၂၀)ဦးတို့ဘေးသင့်ခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂,၀၀၀) ကျပ်နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၉၂,၀၀၀)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ (၂) အိမ်ထောင်စာကို လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၃)အိမ်ထောင်စာတို့ကို (၈-၆-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့်ကျေးရွာအုပ်စုသို့ ကွင်းဆင်း … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ မံပိန် ကျေးရွာတွင် (၂.၆.၂၀၁၈) နေ့ရက် (၁၅း၃၀)အချိန်တွင်ဦးလှထွန်း၏ လယ်တောအတွင်း အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံး (၂) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) သိန်းနှုန်းဖြင့် (၆၀၀,၀၀၀) သိန်းနှင့် ဒဏ်ရာရ (၁) ဦးအတွက် (၅၀,၀၀၀)ကျပ်၊ စုစုပေါင်း(၆၅၀,၀၀၀)ကျပ်ကို (၈.၆.၂၀၁၈) ရက်နေ့ (၁၂း၄၀) အချိန်တွင် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် … Read more
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ဗလဘကျေးရွာတွင် (၇.၆.၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၈)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုး (၃၇,၈၀၀) ကျပ်၊အိမ်ခြေ(၂) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၂၃၇,၈၀၀)ကျပ်တို့အား (၈-၆-၂၀၁၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၁၈) ရက်နေ့၌ မြန်အောင်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၁၇) စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေး ဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၇၈) လုံး၊ အမိုးလန်အိမ်ခြေ (၈၂၄) လုံး၊ အိမ်ထောင်စု (၉၀၂) စု၊ လူဦးရေ (၃၂၇၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၈၄၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၈၈၁၇၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၇) ကျောင်းအတွက် (၇၀၀၀၀၀) ကျပ်၊ စုစုပေါင်း … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂ – ၆ – ၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၁၀၀) ကျပ်တို့ကို (၅- ၆ ၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fir #tny_june2018 Sorue: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက် နေ့တွင် (၁၄:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်း စာစောင်နှင့် ပိုစတာများဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar #npw_jun2018 Source: ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးနှင့်အခြားဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီ မှ (၁၁:၃၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း (အ-ထ-က) တွင် ငလျင် ဘေးနှင့် အခြားဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ ရည်ရွယ် ချက်များ၊ လုပ်ငန်းတာဝန်များ၊ ရာသီဥတုပြောင်းလဲလာမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့် အနေအထားအား လက်တွေ့သရုပ်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ဆရာ ၊ … Read more
