ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ဗလဘကျေးရွာတွင် (၇.၆.၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၈)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုး (၃၇,၈၀၀) ကျပ်၊အိမ်ခြေ(၂) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၂၃၇,၈၀၀)ကျပ်တို့အား (၈-၆-၂၀၁၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#mgy_jun2018

Sign Up

Upcoming Events