လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ လိပ်ပေါင်ဆွဲကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် (၃၀.၅.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ(၂၀)ဦးတို့ဘေးသင့်ခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂,၀၀၀) ကျပ်နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၉၂,၀၀၀)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ (၂) အိမ်ထောင်စာကို လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၃)အိမ်ထောင်စာတို့ကို (၈-၆-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ကာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jun2018