၁။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏၂၀၁၈ခုနှစ်၊ဇွန်လ(၉)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်၀န်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေကြောင်းနှင့် ယင်းအရှိန်ကြောင့် (၁၀-၆-၂၀၁၈)နေ့မှ(၁၄-၆-၂၀၁၈)နေ့အတွင်းတစ်ပြည်လုံးနေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးရွာပြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ကာ ကျန်တိုင်းဒေသကြီး /ပြည်နယ်များတွင် ဒေသအလိုက်မိုးကြီးနိုင်ကြောင်းသိရှိရပါသည်။
၂။ ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ကြိုတင်ပြင်မှုများဆောင်ရွက်ထားရန် လိုအပ်ကြောင်း အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုအပ်ပါသည်-
(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေ၀သသတင်းများကို စဥ်ဆက် မပြတ်နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာပါ၊ အခြားသူများကိုလည်းမျှေ၀ပါ။
(ခ) တောင်ပေါ်ဒေသများ၊ ချောင်းဖျား/မြစ်ဖျားများတွင် ရေကြီးပါက ြမစ်၀ှမ်းတစ်လျှောက် တွင် ရုတ်တရက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်းသတိပြုပါ။ လိုအပ်ပါက လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းပါ။
( ဂ) မြစ်၊ချောင်းများအနီးနှင့် တောင်ပေါ်ဒေသရှိမြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။
(ဃ) အရေးပေါ်သုံးပစ္စည်းများြဖစ်သည့် ရေနှင့််ဓါတ်ဆားများ၊ ကြာရှည်ခံအစားအစာများ၊ ရှေးဦးသူနာပြုပစ္စည်းများနှင့် သုံးစွဲနေသည့်ဆေး၀ါးများ၊ ရေစိုခံမိုးကာနှင့် အကြမ်းခံ သည့်ဖိနပ်၊ ရေစိုခံအိတ်နှင့်ထည့်ထားသည့် အရေးကြီးစာရွက်စာတမ်းများ၊ ကလေးများ ၏ ကျောင်းသုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးအသုံးအဆောင်များ၊ လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များအရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်း ထားပါ။
(င) သက်ဆိုင်ရာအစိုးရတာ၀န်ရှိသူများက ညွှန်ကြားပါကအရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဥ်ထားပါ။
၂
( စ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့် ဆုံရပ်သတ်မှတ်ထားပါ။
(ဆ) ကမ်းခြေများသို့ရောက်ရှိအပန်းဖြေနေသူများအနေဖြင့် တာ၀န်ရှိဒေသခံအစိုးရဌာန၏ အကြံပြုချက်များအတိုင်းလိုက်နာသတိပြုနေထိုင်ပါ။
( ဇ) ကုန်းတွင်းပိုင်းဒေသနေထိုင်သူများအနေဖြင့်လည်းလေပြင်းတိုတ်ခတ်ခြင်း၊ မမိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် အထူး သတိပြုပါ။ ခိုင်ခန့်လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင် နေထိုင်ပါ။
၃။ ပြည်သူများအနေဖြင့် လေဖိအားနည်းရပ်၀န်းအခြေအနေနှင့် ပတ်သက်၍ စဥ်ဆက်မပြတ် လေ့လာကာအရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဥ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြပါရန်နှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားသော Hot Line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆၊ ၃၄၀၄၇၇၇သို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း ပြည်သူ သို့ အသိပေးဖော်ြပအပ်ပါသည်။
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ