Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၁၀.၆.၂၀၁၈) ရက်နေ့၊ (ဝရ:၃၀) အချိန်နှင့် (၁၁.၆.၂၀၁၈) ရက်နေ့၊ (၀၉:၃၀) အချိန်တို့တွင် မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ သွပ်မိုး၊ ဒိုင်း၊ ကျည်းဘောင်၊ တံခါးရွက်များကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ရသော ဉာဏိကာရုံကျောင်းတိုက်အား ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ လူနေအိမ် (၆) လုံး၊အိမ်ထောင်စု (၆) စု၊လူဦးရေ … Read more
-
မိုးရေချိန်စံချိန်သစ် (၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အောက်ဖော်ပြပါစခန်း၌ ဇွန်လ၏ (၂၄)နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်စံချိန်သစ်
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================================ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်လျက် ရှိပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အကြံပြုချက် ======== (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက် ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်အတူ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉.၆.၂၀၁၈) ရက်နေ့တွင် ရေဖြူမြို့၊ ကောင်းမှု ကျေးရွာ လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀) ကျပ်အား (၉.၆.၂၀၁၈) ရက်နေ့တွင် ကျေးရွာသို့ရောက်ရှိထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #tny_jun2018
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အလမန်းကျောင်းစု ကျေးရွာအုပ်စု၊အလမန်းတူးချောင်းကျေးရွာအုပ်စု၊ ဝဲကျွဲတလင်းကျေးရွာအုပ်စုနှင့် ထိတန်ကျေးရွာအုပ်စု (၄) စုမှ ရွာမစာဖြူစုကျေးရွာ ချေင်းတွင်းကျေးရွာနှင့် ညောင်ချောင်းကျေးရွာ (၄) ရွာတွင်(၉-၆-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် နေအိမ်ပြိုပျက်စီး(၇)လုံး အမိုးလန်နေအိမ်(၇)လုံး အိမ်ထောင်စု (၁၄)စု၊ လူဦးရေပေါင်း (၅၇)ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် နေအိမ် ပြိုကျ (၇) လုံးနှင့် အမိုလန်နေအိမ်(၇) လုံးအတွက် ထောက်ပံ့ငွေ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၆-၂၀၁၈)ရက်နေ့တွင် မိုးရွာသွန်းပြီး တောင်ကျရေ များ ဝင်ရောက်မှု ကြောင့် ဘေးဒုက္ခကြုံတွေ့ရသော သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှ ပြိုလဲနေအိမ် (၁၃) လုံး အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် (၁၃) သိန်း နှင့် အိမ်ထောင်စု (၁၃) စုစာအတွက် ကယ်ဆယ် ရေးပစ္စည်း(၂၂)မျိုး၊ ရေဝင်ထိခိုက်ပျက်စီး နေအိမ်များအတွက် အိမ်ထောင်စု (၁၈၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ စုစုပေါင်းအိမ်ထောင်စု(၁၉၆) စု၊ လူဦးရေ (၉၆၉) ဦးအတွက် … Read more
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၂.၆.၂၀၁၈) ရက်နေ့တွင် လှိုင်မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပြည်လမ်းရှိ ယခင် စားသောက်ဆိုင်ဖြစ်သော Hong Bao Sun House ဆိုင်အား ပြင်ဆင်နေစဉ် Gas ပိုက်မှ ယိုစိမ့်နေသည်ကို မသိရှိပဲ မိုဘိုင်းတယ်လီဖုန်းအား ပလပ်ခုံတွင်အားသွင်းစဉ် ပလပ်ခုံမှ မီးပွားSpark ရရှိပြီး ထိတွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမား(၈)ဦးတွင် (၂)ဦးသေဆုံးခဲ့ပြီး (၆)ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ မျက်နှာ၊ မေးရိုးနှင့် ခံတွင်း ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသရေးဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရလူနာများနှင့် သေဆုံးသူအတွက် နစ်နာကြေးအား … Read more
-
ပုလောမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
(၈- ၆ -၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားသည့်မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက် လေဘေး သင့်အိမ်ခြေ (၂) လုံးအနက် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဘိုး ကျပ် (၁၀၀,၀၀၀)နှင့် သွပ်(၁၀) ချပ်ပျက်စီးသည့်အိမ်ခြေ(၁)လုံးအတွက်ကျပ်(၅၀,၀၀၀) ၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၆)ဦးအတွက် ဆန်ဘိုး (၇) ရက်စာထောက်ပံ့ငွေ ကျပ်(၁၂,၆၀၀) နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၆၂,၆၀၀)တို့အား (၉ -၆ -၂၀၁၈) ရက်နေ့ နံနက် (၁၁း၃၀)နာရီချိန် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်လျက်ရှိပါသည်။ အကြံပြုချက် ========= (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက် ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပျက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူ များ အနေဖြင့် ရေကြီး၊ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ (၈-၆-၂၀၁၈) နေ့တွင် တာဝန်ရှိသူများသည် အမှတ် (၂၂၉) ခြေလျှင်တပ်ရင်းရှိ အရာရှိစစ်သည် (၈၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2018
