(၂.၆.၂၀၁၈) ရက်နေ့တွင် လှိုင်မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပြည်လမ်းရှိ ယခင် စားသောက်ဆိုင်ဖြစ်သော Hong Bao Sun House ဆိုင်အား ပြင်ဆင်နေစဉ် Gas ပိုက်မှ ယိုစိမ့်နေသည်ကို မသိရှိပဲ မိုဘိုင်းတယ်လီဖုန်းအား ပလပ်ခုံတွင်အားသွင်းစဉ် ပလပ်ခုံမှ မီးပွားSpark ရရှိပြီး ထိတွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမား(၈)ဦးတွင် (၂)ဦးသေဆုံးခဲ့ပြီး (၆)ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ မျက်နှာ၊ မေးရိုးနှင့် ခံတွင်း ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသရေးဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရလူနာများနှင့် သေဆုံးသူအတွက် နစ်နာကြေးအား ဆွေမျိုးများသို့ (၈.၆.၂၀၁၈ ) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်း၊ လှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဆေးရုံမှ တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများနှင့်အတူ သေဆုံးသူ(၂)ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းနှင့် ထောက်ပံ့ငွေ(၆၀၀,၀၀၀) ကျပ်၊ ဒဏ်ရာရ(၆)ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀)ကျပ်နှုန်းနှင့် ထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၉၀၀,၀၀၀) အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn_jun2018