လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အလမန်းကျောင်းစု ကျေးရွာအုပ်စု၊အလမန်းတူးချောင်းကျေးရွာအုပ်စု၊ ဝဲကျွဲတလင်းကျေးရွာအုပ်စုနှင့် ထိတန်ကျေးရွာအုပ်စု (၄) စုမှ ရွာမစာဖြူစုကျေးရွာ ချေင်းတွင်းကျေးရွာနှင့် ညောင်ချောင်းကျေးရွာ (၄) ရွာတွင်(၉-၆-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် နေအိမ်ပြိုပျက်စီး(၇)လုံး အမိုးလန်နေအိမ်(၇)လုံး အိမ်ထောင်စု (၁၄)စု၊ လူဦးရေပေါင်း (၅၇)ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် နေအိမ် ပြိုကျ (၇) လုံးနှင့် အမိုလန်နေအိမ်(၇) လုံးအတွက် ထောက်ပံ့ငွေ (၁,၅၁၃,၀၀၀)၊ လူဦးရေ(၅၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၁၉,၇၀၀) အိမ်ထောင် စု (၇) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ ထောက်ပံ့ငွေ စုစုပေါင်း (၁၆၃,၂၇၀၀) တိတိအား ဝါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်ဦးစီးမှူး(ဘစမ) တို့သည် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၀-၆-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#ayy_jun2018

 

Sign Up

Upcoming Events