လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၆-၂၀၁၈)ရက်နေ့တွင် မိုးရွာသွန်းပြီး တောင်ကျရေ များ ဝင်ရောက်မှု ကြောင့် ဘေးဒုက္ခကြုံတွေ့ရသော သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှ ပြိုလဲနေအိမ် (၁၃) လုံး အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် (၁၃) သိန်း နှင့် အိမ်ထောင်စု (၁၃) စုစာအတွက် ကယ်ဆယ် ရေးပစ္စည်း(၂၂)မျိုး၊ ရေဝင်ထိခိုက်ပျက်စီး နေအိမ်များအတွက် အိမ်ထောင်စု (၁၈၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ စုစုပေါင်းအိမ်ထောင်စု(၁၉၆) စု၊ လူဦးရေ (၉၆၉) ဦးအတွက် (၇) ရက်စာ ဆန်ဘိုးထောက်ပံ့ငွေ (၂,၀၃၄,၉၀၀) ကျပ် စုစုပေါင်းရန်ပုံငွေနှင့် ပစ္စည်းတန်ဘိုး (၉,၀၈၆,၈၈၈) ကျပ်တို့အား (၉-၆-၂၀၁၈) ရက်နေ့ တွင် ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#shn_jun2018