လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၌ (၁၀.၆.၂၀၁၈) ရက်နေ့၊ (ဝရ:၃၀) အချိန်နှင့် (၁၁.၆.၂၀၁၈) ရက်နေ့၊ (၀၉:၃၀) အချိန်တို့တွင် မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ သွပ်မိုး၊ ဒိုင်း၊ ကျည်းဘောင်၊ တံခါးရွက်များကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ရသော ဉာဏိကာရုံကျောင်းတိုက်အား ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ လူနေအိမ် (၆) လုံး၊အိမ်ထောင်စု (၆) စု၊လူဦးရေ (၃၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၆၉၃၀၀) ကျပ် ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၇၆၉၃၀၀) ကျပ်တို့အား (၁၁.၆.၂၀၁၈) ရက်နေ့တွင် ဗလဘကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jun2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)