Author Archives: Department of Disaster Management

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၁၈ခုနှစ်၊ ဇွန်လ(၁၅)ရက်၊ (၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) လေးမြို့မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာ စံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁) ပေခွဲခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့နှင့် (၁၂.၆.၂၀၁၈)ရက်နေ့တို့တွင် သရက်မြို့နယ်၊ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၄)ရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ပြီး မျောပါ ပျက်စီးနေအိမ်(၅)လုံး၊ ကြိုတင် ဖျက်သိမ်းနေအိမ်(၁)လုံး စုစုပေါင်း အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၂) ဦး၊ ရေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၂၂)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄၆,၂၀၀) ကျပ်၊ နေအိမ်(၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀)ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၆၄၆,၂၀၀)ကျပ်၊ (၅) အိမ်ထောင်စာ … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု၊ သနပ်ကုန်း ကျေးရွာတွင်  (၁၂-၆-၂၀၁၈) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်း တိုက်ခတ်ခဲ့မှုကြောင့် အမိုးလန် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် (၄၀၀၀၀၀) ကျပ်နှင့် ပြိုကျအိမ်ခြေ (၁) လုံး အတွက် (၁၀၀၀၀၀) … Read more

  • စလင်းမြို့နယ်ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

            လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၂) ရွာ တို့တွင် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့်   အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀)  ကျပ်၊ လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၆,၇၀၀)ကျပ်နှင့်  ကယ်ဆယ် ရေး ပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၇)စုစာတို့အားလည်ကောင်း၊ ဆက်လက်၍ စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတွင် (၁၂-၆-၂၀၁၈) … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်( ၁/၂၀၁၈) ဖွင့်ပွဲ ကျင်းပပြုလုပ်မှု သတင်း

      (၁၃-၆-၂၀၁၈) ရက်နေ့တွင် (၉:၃၀)နာရီအချိန်တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့၊ ကျွန်းသာယာ ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်( ၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားတွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး ကိုယ်စား၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ချောင်းဆုံမြို့ သဘာဝဘေးစီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း အင်အား (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source:            မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jun2018

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁- ၅- ၂၀၁၈ ) ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်စု၊ ဇရပ်လှအုပ်စုကျေးရွာ (၂) ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၇၀၀၀၀၀) ကျပ်အား ( ၁၂- ၆- ၂၀၁၈) ရက်နေ့တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ # ha_rbe #bgo_jun2018 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး … Read more

  • လေဘေးထောက်ပံ့မှုသတင်း

      (၂၉ – ၅ -၂၀၁၈) ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ရပ်ကွက် (၃) ရပ်ကွက်၊ အုပ်စု (၄) စု၊ ကျေးရွာ (၆) ရွာ၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ  လေဘေးသင့်အမိုးလန်နေအိမ် (၁၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၂၂၇၀၀) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ( ၁၂. ၆. ၂၀၁၈) ရက်နေ့တွင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည် သူများလက်ဝယ်သို့ … Read more

  • ြစ်ရေကြီးခြင်းသတိပေးချက်

    (၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်၊ (၁၀:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events