ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့နှင့် (၁၂.၆.၂၀၁၈)ရက်နေ့တို့တွင် သရက်မြို့နယ်၊ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၄)ရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ပြီး မျောပါ ပျက်စီးနေအိမ်(၅)လုံး၊ ကြိုတင် ဖျက်သိမ်းနေအိမ်(၁)လုံး စုစုပေါင်း အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၂) ဦး၊ ရေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၂၂)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄၆,၂၀၀) ကျပ်၊ နေအိမ်(၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀)ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၆၄၆,၂၀၀)ကျပ်၊ (၅) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးနှင့်  ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁) အိမ်ထာင်စာကို (၁၃.၆.၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#mgy_jun2018

 

Sign Up

Upcoming Events